3

8.9K 683 2
                                    

🎵 Oh Yeah! Oh Yeah!

"ခွီးး 🤭"
"ဟင် ကျန့်ကျန့် သူညားကနေတာကို ခိုးကြည့်နေဒယ်"
"အိပေါ် ကျောင်းသွားဖို့မပြင်သေးပဲ ကနေတယ် ခုထိလဲရေမချိုးရသေးဘူး"
"ဟီး မောနီးလေ့ကျင့်ခန်းယေ ကျောင်းတွားဖို့စောပါသေးဒယ်မင်းကရဲ"
"ဟာ မစောတော့ဝူးလေ အိပေါ်ရယ် လာ ကျန့်ကျန့်ရေချိုးပေးမယ်"
"အန် ချိုးပေးရပါဝူး ကိုယ့်ဘာကိုချိုးမှာ မင်းကအောက်မှာစောင့်နေ"
"တစ်ယောက်ထဲချိုးတတ်လို့လား လာပါ ကျန့်ကျန့်ချိုးပေးမယ် မြန်မြန်ပြီးအောင်လို့"
"အာ အိပေါ်ရှက်ရှက်တွေတွေ့ကုန်မှာပေါ့ နေ့တိုင်းကိုယ့်ဘာကိုချိုးနေကျပါကျန့်ကျန့်ရယ် သွား သွား မင်းရုတ်မှနောက်ကျမာ"

ကျန့်ကျန့်ကိုအခန်းပြင်တွန်းထုတ်ကာ ရေချိုးခန်းထဲဝင်သွားသောအိပေါ်... လူလေးကလက်တောက်လောက်နဲ့ရှက်တတ်လိုက်တာ ဒါနဲ့များမင်းသားလုပ်အုံးမယ်တဲ့။
ပြောမရတဲ့အဆုံး ကျန့်ကျန့်လဲ ဝမ်အိမ်ရဲ့ထမင်းစားခန်းမှာ မနက်စာစားဖို့သွားလိုက်တယ်...၊ မနက်တိုင်း အိပေါ်ကိုဝင်ခေါ် မနက်စာအတူတူစားပြီးကျောင်းသွားနေကျဆိုပေမဲ့ ဒီနေ့ကျောင်းမှာစာမေးမှာဆိုတော့ ကျောင်းကိုစောစောသွားပြီး ကျက်ထားတဲ့စာတွေပြန်နွှေးရမှာ...။

တကယ်တော့ကျန့်ကျန့်က မှတ်ဥာဏ်အားနည်းတယ် သူများကတစ်ခါရှင်းပြလို့နားလည်ရင် သူ့ကိုသုံးခါလောက်ရှင်းပြမှနားလည်တာ...နာရီဝက်လောက်ကျက်ရုံနဲ့ရမဲ့စာက တစ်နာရီလောက်ကျက်မှရသွားတာမျိုး...၊
အရင်ကသိပ်မသိသာပေမဲ့ အခုနောက်ပိုင်း စာပိုခက်လာတာမို့ သူကိုယ်တိုင်သတိထားမိလာတယ်...
ဆရာဝန်ဖြစ်ချင်တဲ့သူ့အဖို့ မှတ်ဥာဏ်အားနည်းလာတယ်ဆိုတာ သူ့အတွက်အားနည်းချက်ပဲ အဲဒါကြောင့် အခုငယ်ရွယ်တဲ့အချိန်ကတည်းက မပျင်းမရိစာလုပ်တဲ့ကျင့်သားရအောင်လုပ်တယ်...သူများကလေးတွေကစားနေတဲ့အချိန် သူကစာလုပ်တယ် ညဘက်တွေဆိုလဲ ညနက်တဲ့အထိစာလုပ်ရတယ်...သူ့အားနည်းချက်ကို မိဘတွေကိုမပြောပြဖို့စိတ်ကူးထားတယ် သိသွားခဲ့ရင် စိတ်ပူနေကြမဲ့အပြင် သူဖြစ်ချင်တဲ့ ဆရာဝန်ပါဖြစ်ရဖို့လမ်းမမြင်လောက်တော့ဘူးလေ။
အိပေါ်လေးကိုတော့ တတ်နိုင်သမျှအချိန်ပေးပါတယ် တခြားသူတွေထက် အိပေါ်ကသူ့ကိုပိုခင်တွယ်တယ်...တခြားသူငယ်ချင်းတွေမရှိလဲရတယ် ကျန့်ကျန့်မရှိလို့မဖြစ်ဘူးဆိုတာမျိုးလေး... အိပေါ်မှာလဲ သူ့လိုပဲရည်မှန်းချက်ရှိတယ် အနုပညာလောကထဲဝင်ချင်တာတဲ့ ဒီဖောင်းဖောင်းလုံးလုံးလေးက...၊

သူငယ်ချင်းIdol💚❤️Donde viven las historias. Descúbrelo ahora