"ခုလိုလုပ်တာက မကောင်းဘူးလို့
မင်း ထင်နေတယ်မလား...
ဒါပေမဲ့ မတတ်နိုင်ဘူး..."ကြောင်ကို တတွတ်တွတ်ပြောရင်းက
ခြေလှမ်းတွေကိုလည်း
ခပ်သွက်သွက်လှမ်းတယ်..။တိတ်ဆိတ်ခြောက်ကပ်နေတယ့်
သုသာန်ကို
တထိန်ထိန်သာနေတယ့် လက
အဖော်ပြုပေးနေသယောင်ရှိတယ်..။ပါလာတယ့် ပေါက်ပြားနဲ့
စ တူးဖို့ ရွယ်လိုက်တော့...ခပ်လှမ်းလှမ်းဆီက ခြေသံကြားရတယ်..။
"အလိုလေး...
ရှောင်းရှောင်းကျန့်...မအပ်မရာတွေ
လုပ်တော့မလို့လား..."သူ့လက်ထဲက ပေါက်ပြားဟာ
လွတ်ကျလုလု ဖြစ်သွားပါတယ်..။"မုန့်ဖြူ...."
"ဟုတ်ပါ့ဗျား....
ရိုးလှအေးလှပါတယ်ဆိုတယ့်
ရှောင်းရှောင်းကျန့်လေးက
ညကြီးမင်းကြီး ဘာတွေများလုပ်ဖို့
ကြံနေပြန်တာလဲ..."အဆုံးမှာတော့ လက်ထဲက ပေါက်ပြားကို
သူ လွှတ်ချလိုက်တယ်...။"ကျနော်...ရိပေါ်ကို နေရာပြောင်းမလို့.."
"သူတို့ ရွှေ့မယ့်နေရာက ရိပေါ် မကြိုက်လောက်ဘူး...."
"မင်းဘယ်လိုသိ..
ကြိုက်ချင်လဲ ကြိုက်မှာပေါ့...""မုန့်ဖြူ..."
သူ အော်လိုက်တဲ့အသံဟာ အတော်ကျယ်သွားပုံရ...။
ရုတ်တရက်ဆိုသလို သစ်ပင်ထက်က
ငှက်တွေ အုပ်လိုက် ထပျံကုန်တယ်...။" မုန့်ဖြူ မကူညီချင်နေ..
မသိသလို အသာနေပြီး ပြန်လိုက်တော့..."ပြောရင်းကနေ ပေါက်ပြားကို
ပြန်ကောက်ကိုင်လိုက်တယ်...။"မင်း ရွှေ့စရာ မလိုဘူး..."
"အဲ့ထဲ ရှိနေတာက ရိပေါ် မဟုတ်လို့.."
သူ့လက်ထဲက ပေါက်ပြားဟာ
နောက်တစ်ကြိမ် မြေပြင်ပေါ် ကို
လွပ်လွတ်လပ်လပ် လဲသွားပြန်ပါတယ်...။"ဘာပြောလိုက်တယ်..ရိပေါ်က..."
"ရိပေါ်ရဲ့နောက်ဆုံးအချိန်မှာ
မင်း မရှိခဲ့ဘူးလေ..."သူ ခေါင်းကို ခပ်ဖြည်းဖြည်း
ယမ်းလိုက်တယ်...။"မုန့်ဖြူတို့ပဲ .."