Unicode
နေသာတဲ့နေ့တစ်နေ့.....
T-shirt အမဲရောင်လေးဝတ်ပြီး ဂျင်းစကပ်လေးနဲ့ကစားကွင်းထဲမှာလာဆော့တဲ့သူမKim Seokjin~
အဝါဖျော့သောဆံသားငယ်တို့ကား လေတိုက်တိုင်း ဝေ့ဝိုက်လျက်ရှိ။ ပန်းနုရောင်သန်းသော ပါးမို့နှစ်ခုဟာ မြင်ရသူတို့အတွက် အလွန်ခုန်မင်ဖို့ကောင်းသည်။
"လုပ်ပြန်ပြီ Park jiminတို့ကကွာ ကြာလိုက်တာကွာ"
"Hey အသဲတုံးjinလေး"
"ပေါ်လာသေးတယ်မိန်းမနော် ဟွန့်"
နှင်းဆီရောင်သန်းသော နှုတ်ခမ်းသားများသည် အလိုမကျစွာ ကော့တက်သွားသည်။ မျက်စောင်းခဲထားရင်း နှုတ်ခမ်းသားလုံးလုံးလေးကိုလည်း ကြိတ်ထားသေးပြန်သည်။
"လာပါသဲလေးရဲ့ မုန့်အရင်သွားစားမယ်"
အစားဆို တစ်ခါပြောလိုက်တာနဲ့စိတ်ဝင်စားတဲ့သူမကား တက်ကြွစွာ ပြန်ပြောသည်။ ကားလမ်းတစ်ဖက်ရှိ သေသပ်သောဆိုင်ခန်းငယ်ဆီ ဦးတည်ကြသည်။
"ဟိုဆိုင်လေးစားကောင်းမယ့်ပုံပဲ"
ဗိုက်ဖောင်းကားအောင်စားသောက်ပြီးတဲ့နောက်မှာတော့~
"Ahhh ဗိုက်ကိုတင်းသွားတာပဲ"
~~~~Boy with luv~~~oh my my my~~~
(Phone ringtone)"Jiminie ဖုန်းလာနေတယ်ကိုင်လိုက်ဦး"
"Nae"
" Hello~ bor!!!!ငါအခုချက်ခြင်းလာခဲ့မယ်"
ရုတ်ချည်းဆိုသလို မျက်စိမျက်နှာပျက်သွားတဲ့ Jiminသည် ပုံမှန်မဟုတ်တော့။ နှိမ့်ချည်မြင့်ချည်ဖြသ်နေသော ရင်ဘတ်သည် သူမ၏စိတ်လှုပ်ရှားမှုကို ဖော်ပြနေသယောင်။
"Jin"
"Wae"
မတည်ငြိမ်စွာပင် ထိုင်ရာကနေထရပ်လိုက်မိသည်။ မော့ကြည့်လာတဲ့ Seokjinကို သူမဖြေရှင်းချက်ပေး၏။
"Appaအရေးပေါ်ခန်းထဲရောက်နေလို့တဲ့ငါအခုချက်ခြင်းသွားမှဖြစ်မယ်"
"ငါကအဲ့လောက်အရေးမကြီးပါဘူး မင်ရယ်။ နင့်appaကသာအရေးကြီးတာ...။ အခုဘယ်ဆေးရုံမှာလဲ? ငါပါလိုက်ခဲ့မယ် သွားမယ်"
YOU ARE READING
Crush On Me
Short Storyစစတွေ့ချင်းနေ့မှာပဲကြွေသွားခဲ့တဲ့ဆွဲဆောင်မှုရှိလွန်းတဲ့မင်း.....