အပိုင်း-၅

446 78 7
                                    

Zawgyi
_______________________*

ဖုန်းနံပါတ်တစ်ခု နဲ့ သူငယ်ချင်းရဲ့အတွင်းရေး
အင်းး တန်ပါတယ်လေ
_______________________*

"ဂျောင်ဂုရာ ကပ်စီးမကုပ်စမ်းပါနဲ့ လုပ်စမ်းပါ"

ခုဆို သန့်စင်ခန်းသွားတဲ့ ကော်ရစ်တာ တစ်လျှောက် ထယ်ယောင်း၏အသံဆာဆာလေးကလွင့်ပြယ်လျက်

"ဘာလုပ်ရမှာလဲ မင်းကိုလုပ်ရမှာလား"

"နှာဘူးကောင် ဖုန်းနံပါတ်တောင်းနေတာကို"

"အော အကူအညီတောင်းတဲ့လေသံက အဲ့လိုမျိုးလား"

"မဟုတ်ပါဘူး သူငယ်ချင်းလေးရာ ငါတစ်ကယ့်ကို အကူအညီလိုနေတာပါကွာ"

"အဲ့တာမင်းကိစ္စ ငါ့ကိစ္စမဟုတ်ဘူး ပြီးတော့ မင်းနဲ့ငါကဘယ်တုန်းကသူငယ်ချင်းဖြစ်သွားတာလဲ"

"မဖြစ်သေးဘူးလား ဒါဆိုခုဖြစ်လိုက်ကြရအောင် နော် သူငယ်ချင်းတွေနော် နော်"

"မင်းနဲ့သူငယ်ချင်းမလုပ်ချင်ပါဘူး ခုလိုအကြာကြီး စကားပြန်ပြောပေးနေတာဘဲ ကျေးဇူးတင်....နေခဲ့တော့ ငါရှူးပေါက်တဲ့အချိန်ထိတော့ လိုက်တွယ်ကပ်နေမယ်မဟုတ်ဘူးမလား"

"ဘဝရူး အလကားကောင်"

ထယ်ယောင်းတိုးတိုးလေးရွတ်လိုက်ပါသော်လည်း ကြားဖြစ်အောင်ကြားသွားသော ဂျောင်ဂုက

"မင်းဘာအကူအညီတောင်းမလဲမသိပေမယ့် ငါ့အကူအညီရဖို့ စဉ်းတောင်မစဉ်းစားနဲ့"

ဆိုပြီး အိမ်သာထဲဝင်သွားရော။

ထယ်ယောင်းမှာတော့ အကြိတ်အနယ် စဉ်းစားနေမိတယ် သူ့ဖုန်းနံပါတ်ဘယ်လိုရအောင်လုပ်မလဲ ဆိုပြီး

ထယ်ယောင်းအစီအစဉ်က ဒီလို
သူ့ဖုန်းနံပါတ်ကိုရအောင်ယူမယ် ပြီးရင်နေတိုင်းဖုန်းဆက်မယ်
မပြောနိုင်ဘူးလေ သူနားညီးပြီး ပြန်ကူညီရင်ကူညီမှာပေါ့။

အဲ့လိုမှမရရင်လည်း နောက်တစ်နည်းပေါ့ နောက်တစ်နည်းကလည်းကြိုတင် စီစဉ်ထားပြီးသား ခုတော့မပြောပြသေးဘူး နောက်မှ..။

-
-

သစ်ပင်ရိပ်အောင်ထိုင်ကာ အိပ်လုဆဲဆဲ ဂျောင်ဂုသူငယ်ချင်းမင်ယွန်းဂီကိုတွေ့တော့ အပြေးတစ်ပိုင်းသွားမိသည်။

Can I Be Your Boyfriend?|KV|Where stories live. Discover now