Chapter 2 (Unicode)

19.1K 1.6K 213
                                    

နိုင်ငံတကာကျောင်းသားတွေရဲ့ အသိုက်အဝန်းက သိပ်ကြီးလှတယ်ရယ်တော့မဟုတ်ဘူး။

ကျောင်းသားဟောင်းဖြစ်စေ၊ ကျောင်းသားသစ်ဖြစ်စေ ဝီချက်ဂရု တစ်ခု နှစ်ခုလောက်ထဲ ထည့်လိုက်မယ်ဆိုတာနဲ့ ရင်းနှီးတဲ့မျက်နှာတွေကို မြင်ရမှာ အသေအချာပဲ။

ရှောင်းကျန့်က လူသိများတဲ့အထဲမှာပါတယ်။ အပျော်အပါးမက်လို့ရယ်ကြောင့် မဟုတ်သလို နာမည်ကြီးတဲ့ နောက်ခံ ဇာတ်လမ်းတွေ ရှိလို့လည်း မဟုတ်ဘူး။ အကြောင်းကတော့ သူဟာ အရမ်းချောလို့ပါပဲ။

ငွေရေး ကြေးရေး ဖိအားမရှိတဲ့ ကျောင်းသားတွေအနေနဲ့ သူတို့လိုချင်တဲ့ ပထမဆုံး သတ်မှတ်ချက်က ရုပ်ရည်ကြည့်ကောင်းဖို့ပဲ။ တခြား အကျင့်စရိုက် ဘာညာကတော့ နောင်ခါလာ နောင်ခါဈေး။ မင်းက ရုပ်ရည်ချောတဲ့သူတစ်ယောက်လောက် အပေါင်းအသင်းတွေကြား ခေါ်လာနိုင်မယ်ဆို မင်းအတွက် မျက်နှာလည်းရမယ် နာမည်လည်း ကြီးမယ်။

ရှောင်းကျန့်ကို လေးစားချစ်ခင်သူပေါရတဲ့ အကြောင်းရင်းက အရပ်ရှည်ပြီး ရုပ်ချောတာအပြင် နောက်ထပ် မေ့ထားလို့မရအောင် အားသာချက်တစ်ခုဖြစ်တဲ့ နူးညံ့သိမ်မွေ့မှုကြောင့်ပါပဲ။

သူ့ရဲ့ သိမ်မွေ့မှုနဲ့ ကြည့်ကောင်းချောမောတဲ့ ရုပ်ရည်ဟာ နိုင်ငံတကာ ကျောင်းသားတွေကြားမှာ အတော်ကို နာမည်ကြီးတယ်။

ငွေကြေးချမ်းသာပြီး မိဘအရှိန်နဲ့ လုပ်ချင်တာလုပ်၊ ဈေးကြီးဇိမ်ခံကားတွေစီးပြီး လူတကာကို အထင်သေးမျက်လုံးတွေနဲ့ ကြည့်တတ်တဲ့ မိဘမနိုင်တဲ့ ကျောင်းသားတွေထက်စာရင် ရှောင်းကျန့်က ကွဲပြားတယ်။

ယဉ်ကျေးတယ်။ လူတကာကို အပြုံးချိုချိုနဲ့ ဆက်ဆံတတ်ပြီး စကားကို ဘယ်တော့မှ လက်လွတ်စပယ် မပြောဘူး။ သူငယ်ချင်းတွေဆုံတဲ့အချိန် ကျောင်းသူအသစ် ခပ်လန်းလန်းတွေအကြောင်း ပြောကြတဲ့အခါမျိုးတွေမှာ သူဟာ ဘယ်တော့မှ ဝင်ပါလေ့မရှိဘူး။ အဲ့ဒီ့အစား အခန်းထောင့်လေးမှာ ငြိမ်ငြိမ်လေး ထိုင်နေပြီး ဖုန်းဆော့နေတတ်တယ်။

ဥရောပနဲ့ အမေရိကားတို့လို နိုင်ငံမျိုးတွေမှာ ပညာသင်ကြားလာကြတဲ့ မိန်းကလေးတွေက Feminism အကြောင်းပြောကြတဲ့အခါမျိုးတွေမှာ အထင်သေးတဲ့မျက်လုံးနဲ့ ကြည့်တာမျိုး ဘယ်တော့မှ မလုပ်တဲ့အတွက် မိန်းကလေးတွေကအစ သူ့ကို လေးစားချစ်ခင်ကြတယ်။

မင်းရဲ့အလိုတော်အတိုင်း (As Your Wish) ||Completed||Место, где живут истории. Откройте их для себя