Zawgyi
PROOF OF LOVE
"ဟုတ်တယ်"
နောက် အပိုင်းကြမှ ရိပေါ်နဲ့ ပေးတွေ့မယ်😆Unicode
PROOF OF LOVE
Part 1"အားကျန့်ရေ မားရဲ့သားလေးရေ နောက်ကျတော့မယ်၊ မင်းကလေးတွေမင်းကိုစောင့်နေတော့မယ်"
မနက်တိုင်းကြားရတဲ့ ရှောင်မားမားရဲ့ အသံစာစာက
ရှောင်းကျန့်အတွက်တော့ alarmတစ်ခုသဖွယ်။"အား..လာပီ မားရေ ပြီးတော့မယ် ပြီးတော့မယ်"
ရှောင်းကျန့်တစ်ယောက် ပြာယာခတ်စွာနဲ့
ကျောပိုးအိတ်ကို အမြန်ဆွဲပြီး လှေကားက အဆင်း
"ဘုန်း အမလေး ရုပ်ချောချောအစ်ကိုကြီးတစ်ယောက်နဲ့ငါနဲ့ရ"ရှောင်ကျန့် ပါးစပ်ထဲရှိရာတွေ
လျှောက်ယောင်မိသွားသည်။
ပြောမိပြီးကာမှ ကိုယ့်ပါးစပ်ကို လက်လေးနဲ့
ကွယ်ကာ တခိခိနဲ့ ခိုးရယ်နေမိသည်။
မားမားက ဘာလုပ်မှာမို့လို့လဲ။
အလွန်ဆုံးရှိ ခေါင်းခေါက်ရုံလောက်ပေါ့။
ခေါင်းခေါက်ခံရတာလောက်ကတော့ ရှောင်းကျန့်တို့က မဖြုံတော့ပေါင်။ ရိုးနေပြီရယ် ဟဲဟဲ။"ဂွပ်"
တွေးလို့မှ မဆုံးသေးဘူး မြင်လား...။
မားရဲ့ လက်ခေါက်နဲ့ ခေါင်းကို မိတ်ဆက်ပြီးသားပဲ။
ရှင်ချင်တယ် ရှင်ချင်တယ်။
(သေချင်တယ်မဟုတ်ဘူးလား🥴)"အား မား ဘာလို့ခေါက်တာလဲ"
ရှောင်ကျန့် နှုတ်ခမ်းကိုဆူပြီးပြောတော့
"တိတ်စမ်း ငါမွေးထားတာ ယောက်ျားလေး၊
ယောင်လိုက်တော့ စည်းမရှိကမ်းရှိ"ရှောင်မားက ဆူတာငေါက်တာတော့ အတော်ဝါသနာပါပုံရသည်။
"အာ မားကလည်း အဲ့လိုမပြောပါနဲ့"
ရှောင်းကျန့်က စည်းမရှိ ကမ်းမရှိတာမဟုတ်ပါဘူးနော်။
မားရှေ့မှာမို့ ပေါတောတော နေပြတာ။"မဟုတ်လို့လား"
"ဟုတ်တယ်"
ရီကျဲကျဲနဲ့ ရှောင်းကျန့်က ရှောင်မားမားရဲ့
အသဲကျော်လေး။"ဘာ ဟုတ်တာလဲ ငါ ခေါင်းပိတ်ခေါက်လိုက်ရ"
"အာ မားကလည်း သားက မားနဲ့ သူငယ်ချင်းတွေရှေ့မှာပဲ ပေါတောတောနေတာပါ သူစိမ်းတွေ ရှေ့မှာဆို သားက
လုံးဝ cool guyပဲ""အမယ် စပ်စလူးထတာလေးလည်း ထည့်ပြောဦးလေ"
"အာ တော်ပီ မားနဲ့ ဆက်မပြောတော့ဘူးနောက်ကျတော့မယ် သွားပီမားရေ"
ဒါကတော့ ရှောင်ကျန့်ကို မိတ်ဆက်တာပါ
နောက် အပိုင်းကြမှ ရိပေါ်နဲ့ ပေးတွေ့မယ်😆
YOU ARE READING
PROOF OF LOVE🐰
Fanfiction"၃လပြည့်တဲ့နေ့မှာ ကျန့်ကျန့်က ကိုကို့ကို supriseပေးမလို့လုပ်ထားတာ ခုတော့ ကိုကို ပေးတဲ့ supriseက ကျန့်ကျန့်ရင်တစ်ခုလုံး ကွဲမတတ်ပါပဲ ကိုကိုရယ်"