3 နှစ်ကြာပီးနောက်
"ခ ရေ မပီးသေးဘူးလားမြန်မြန်လုပ် "
ထိုအသံမှာ အောက်ကနေ ခ မေမေတယောက် ခ ကိုလှမ်းခေါ်နေခြင်းဖြစ်သည်ဒီနေ့ဘွဲ့ယူရမယ့်နေပါ ထုံးစံအတိုင်း ခ တယောက်တခါထွက်ခါနီး တကိုယ်လုံးကိုသနေတာမပီးနိုင်ဘူး အချိန်တွေကုန်ပီးနောက်ဆုံး ခနဲ့သူရမျှော်လင့်ရတဲ့ရက်ကိုရောက်လာပီ ကျောင်းပီးရင် ဏုမ္ပဏီကိုခနဲ့သူရတူတူဦးဆောင်မယ်ဆိုတဲ့စကားကို အမှတ်တမဲ့ပြောခဲ့တယ်လို့ပဲ ထင်ခဲ့ကြပေမဲ့ ခ အတွက်တော့ ဒါဟာတကယ်ပြောခဲ့ဆိုတာ ခ ကိုယ်တိုင်သာသိသည်
ကျောင်းပိတ်တဲ့အချိန်တွေမှာ ခရောသူရပါဏုမ္ပဏီကိုလိုက်ပီးအလုပ်တွေလေ့လာခဲ့တာ ဒီလေးနှစ်လုံးနီးပါးပါပဲ အခုတော့ကုမ္ပဏီကိုသူတို့ကိုယ်တိုင်ဦးဆောင်ရမယ့်အချိန်ကိုရောက်လာတော့မယ် ဒီတချိန်လုံး ခ မေမေမသိခဲ့တာက ခ နဲ့သူရချစ်သူတွေဖြစ်နေတာကိုပါပဲ ခ တို့ကပဲပိရိလွန်းတာလားမသိပေမဲ့ ဒီအတောအတွင်း ၄နှစ်လုံး ခ မေမေထင်ခဲ့တာက အနေနီးလို့ပိုပီးရင်းနှီးလာတယ်လို့သာထင်ခဲ့သည် ထိုရင်းနှီးမှုကပဲ ခ ကိုပျော်ရွှင်စေပီးအရင်လိုမဟုတ်တော့ပဲ ခ က သူရအပေါ်အစ်ကိုတယောက်လိုသံယောဇဉ်တွယ်ခဲ့တယ်လို့သာထင်ခဲ့သည်
ခ အပေါ်ထပ်ကနေဆင်းလာပါပီ
"အမေလး ကြာလိုက်တာ ခရယ် ဘွဲ့ယူဖို့သွားမှာကိုဟိုရောက်မှ ဘွဲ့အခန်းအနားပီးပီဆိုလို့ပြန်လာနေရတော့မယ် "
ခ မေမေ ပြောလိုက်တဲ့စကားကြောင့် အပေါ်ထပ်ကနေဆင်းလာတဲ့ ခ တယောက် လှေကားမဆုံးသေးခင်နှုတ်ခမ်းထော်လိုက်တယ်"မေမေကလည်း ဒီဘွဲ့လေးရဖို့ကို ၁၅ နှစ်လောက်ကျောင်းတက်လာခဲ့ရတာလေ ဒီလောက်တော့ပြင် ရမှာပေါ့"
ခပြောရင်းအောက်ဆင်းလာခဲ့သည်
"အမေလး ငါ့သားလေးကသေချာကြည့်
မှချောလိုက်တာ ဘွဲ့ဝတ်စုံလေးနဲ့အရမ်းလိုက်တယ် သားလေးတောင်လူကြီးဖြစ်နေပီပဲ ""အဟဲ မေမေကလည်းအဲ့လောက်မမြှောက်ပါနဲ့ သားရဲ့အားနည်းချက်ကမွေးရာပါချောတာလေ ဟီးဟီး "
မင်းဖေဖေသာရှိရင် ဒီမြင်ကွင်းမျိုးကိုသူအရမ်းသဘောကျနေခဲ့မှာ ငယ်ငယ်တည်းကသးအမြဲမှာနေကျစကားက ငါ့သားလေးကိုပညာတတ်ကြီးဖြစ်အောင်စောင့်ရှောက်ရမယ်နော်တဲ့ အတွေးတခုကြောင့် စိတ်မကောင်းဖြစ်မိသွားသည်
ဒါပေမဲ့ဒီစကားကိုသားရှေ့မှာထုတ်မပြောတော့ပဲ ရင်ထဲတွင်သာသိမ်းထားလိုက်သည်
YOU ARE READING
ကျွန်တော်ချစ်သောမောင့်ကမ္ဘာ
Romantikရွေးချယ်စရာတွေများတဲ့ကမ္ဘာကြီးထဲမှာပိုကောင်းတဲ့အရာတွေရှိနေခဲ့ရင် တောင်မောင့်ကိုပဲအမြဲရွေးမယ်