လီယမ် ငယိစဥ်ထဲက အဘိုးဖြစ်သူနဲ့ နေလာခဲ့တဲ့သူ..အခု လီလီ အသက် ၂၂ နှစ် ထဲရောက်လာတော့... အဘိုးဖြစ်သူက ဇရာကြောင့်... ကျန်းမာရေးအခြေအနေ ဖောက်ပြန်လာတယ်....အခုတော့ အဘိုးဖြစ်သူက လီလီ ကို ခွဲသွားခဲ့ပြီ.....
ဒီနေ့ အဘိုးဖြစ်သူ ရဲ့ ရက်လည်..ပြီး နောကိနေ့.
အဘိုးဖြစ်သူ ပေးခဲ့တဲ့ Lock ရှိသည့် သားရေဖုံးစာအုပ် ခပ်နွမ်းနွမ်းလေးကိုသူထုတ်ကြည့်ရင်း....သူ့လည်ပင်းက အဘ်ိုးဖြစ်သူ မွေးနေ့လက်ဆောင်ပေးသော.. သော့တံလည်ဆွဲလေးကိုဖြုတ်လိုက်ပြီး ဖွင့်ကြည့်လိုက်တော့....သွေးစွန်းနေတဲ့ လက်တစ်ဖက်ပုံစံမှာ ဓားမြှောင်တစ်လက်ကို ..ကိုင်ထားသည့် Logo ထိုးထားသည့်
ပုဝါ ခေါက်ကလေး.......
သူ့ပုဝါလေးကို....ဆုပ်ကိုင်လိုက်ပြီး...စာရွက်တွေကို...ဆက်လှန်ကြည့်တော့...
အဘိုး လူငယ်အရွယ်ကဖြတ်သန်းလာတဲ့ တာဝန်ကြီးတဲ့ဘဝ.....အကြောင်း
နောက်ဆုံးက....သူ့အတွက် တောင်းထားတဲ့ကတိတစ်ခု....
❤ Ruby ကိုအသက်နဲ့ရင်းပြီး...စောင့်ရှောက်ပေးပါ...လီလီ သက်ပြင်းချလိုက်ပြီး.....
အဘိုးဆန္ဒ အတိုင်းပေါ့....ကျွန်တော်ကြိုးစားပါ့မယ်ဒါနဲ့..Ruby ဆိုတာက.......
........,. ................Who are you Ruby? 🤔🤔🤔
သူမ ရှာမတွေ့သော....ပနိးပွင့်လေးကြောင့် နှင်းဆီပင်တွေကြားထဲမှာ ဟိုကြည့်ဒီကြည့်...အိမ်ပေါ်ကနေ... တွေ့လိုက်လို့..ခြံထဲဆင်းကြည့်တော့....
ဘယ်ရောက်သွားမှန်းမသိ...သူမ မျက်နှာလေးမဲ့ပြီး...နှုတ်ခမ်းလေးထော်ကာ....အလိုမကျ ဖြစ်နေတုန်း....အနောက်က နေ " ဟိတ်". .....
Yerim အသံရှိရာ လှမ်းကြည့်လိုက်တော့....
အစ်ကို ဖြစ်သူ..ချန်ယောင်း...သူ့လက်ထဲက နှင်းဆီပန်းနီနီလေးကြောင့်...သူမလက်ညိုးထိုးရင်း." ဟိတ် ...ယောင်း နင်ဘာလုပ်တာလဲ.. ပြန်ပေး...
" ဟဟ.. ရမလား Yerim. ကြိုးစားကြည့်လေ..."
သူကပြောပြောဆိုဆို....အိမ်ထဲဝင်သွားတော့..သူမခြံဝန်းထဲမှ.. အိမ်ထဲသို့ အပြေးတစ်ပိုင်း.....
အိမ်ထဲရောက်တော့.....သူမမျက်လုံးလေးဝေ့ကာ
ပတ်ချာလည်အောင်ရှာနေတော့.....
သူမလိုချင်တာကိုမတွေ့....အိမ်အပေါ်ထပ် လှမ်းကြည့်လိုက်တော့ ...လှေကားအဆုံးလက်ရန်းကိုမှီရင်း..ရပ်နေသည့်...သူမထက် ငါးမိနစ်ကြီးတဲ့ အမွှာအစ်ကိုဖြစ်သူ ချန်ယောင်း