Epi <9> - Inexact

2.9K 201 4
                                    

[Unicode]

" တကယ်လို့ ငါနဲ့ငါချစ်နေတဲ့ဂျောင်ဂု နဲ့သာ
ပေါင်းစည်းခွင့်ရခဲ့မယ်ဆိုရင် အာ မဟုတ်သေးဘူး
ငါနဲ့သူနဲ့ကလုံးဝမဖြစ်နိုင်ဘူး "

" ဘာလို့မဖြစ်နိုင်ရမှာလဲ
သူကမဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပေးမှာပေါ့ "

" မဟုတ်ဘူး "

သံရှည်ဆွဲပြီးငြိမ်ကျသွားတဲ့ ထယ်ယောင်း က ဂုဂီ ပေါ်မှာနှစ်ခြိုက်စွာ အိပ်ပျော်သွားသည်ပဲဖြစ်ရမည် ။ သူနဲ့ကောင်လေး ကမဖြစ်နိုင်စရာအကြောင်းမှမရှိတာ ။
ထိုနေ့ညက ကောင်ဘေး လေးကနှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားပြီး ဂျောင်ဂု ကတော့မှိုင်တွေတွေဖြင့်သာ ။
________________________

မနက်ခင်းဆိုပေမဲ့ နေရောင်ခြည်တို့ကဖြာကျမလာ ။
မနက်အစောကြီးနိုးတတ်သော ထယ်ယောင်း က
Alarm ပေးထားတတ်ခြင်းကြောင့်
ယခုဆိုအကျင့်ပင်ဖြစ်လို့နေပြီ ။မျက်လုံးအစုံ
ကိုဖွင့်လိုက်တော့အလင်းရောင်မဆိုစလောက်သာရှိသော သူ၏အခန်းငယ် ။ ညက ဂျောင်ဂုနဲ့သောက်ခဲ့သေးတာကို ရုတ်တရတ်သတိရမိသွားကာ သူဘာများပြောခဲ့သေးလဲ ဆိုပြီးတော့ ။အရက်မူးရင်အကုန်ပြောတတ်တဲ့
အကျင့်ရှိတတ်တာတောင်အတူတူသောက်တဲ့လူက ဂုဂီ သတဲ့လား ။ သူဘာတွေပြောမိခဲ့သေးလဲဆိုတာတွေးပြီး စိုးရိမ်စိတ်တွေကအစိုးမရ ။ ဂျောင်ဂုအပေါ် ခင်မင်ရင်းနှီး
တာထက်ပိုနေတဲ့ ခံစားချက်တွေရယ် ၊ အခုတလော
သူဘေးမှာရှိနေရင် စိတ်လှုပ်ရှားပြီးအလုပ်ကောင်းကောင်း
မလုပ်နိုင်တဲ့အချိန်တွေရယ်ကြောင့် ခံစားချက်တို့ကို
မနေ့ကတည်းကအတည်ပြုခဲ့ပြီးပြီ ။

ယောကျာ်းလေးအချင်းချင်းဖြစ်ပါရက်နဲ့ ကိုယ့်ထက်အငယ်
ကောင်လေးတစ်ယောက်ပေါ် အားကိုးချင်စိတ် ၊ ချွဲ့နွဲ့ချင်စိတ်
တွေ ၊ ယိမ်းယိုင်နေတဲ့ခံစားချက်တွေနဲ့ ။ တီဗီကြည့်ရင်း
ခဏမေ့နေခဲ့မိပေမယ့် ရုတ်တရတ်ထိုကိစ္စတွေးမိလေတော့
စိတ်ထဲရှုတ်ထွေးလာရပြန်သည် ။ ဂျီမင်နီနဲ့အတူတူ
သွားတတ်တဲ့ အန်တီကြီးဆိုင်က မက်ဂျူနှစ်ပုလင်းလောက်
မော့ဖို့ပြင်ထားခဲ့ပေမယ့် ဂျီမင်နီဆိုတဲ့သကောင့်သားက
မအားရလေတာကြောင့် ခွင့်မပြုချင်တဲ့ ဂျောင်ဂု ကို
မရဲတရဲနဲ့တူတူခေါ်လာရခြင်းသာ ။

♡︎ 𝙏𝙍𝙐𝙀 𝙇𝙊𝙑𝙀 - 진정한 사랑 ♡︎ (COMPLETE)✓Donde viven las historias. Descúbrelo ahora