Final

18.5K 1.7K 60
                                    

"ဒါဆို တစ်အိမ်လုံးကို အဖြူရောင်၊ ငါ့အခန်းကို နက်ပြာရောင်၊ ပန်ပန့်အခန်းက ပန်းရောင်၊ စာကြည့်ခန်းကိုကျ ပန်းရောင်နဲ့နက်ပြာရောင်ရောမယ်ပေါ့ အဲ့လိုလား"

ဆိုဖာတွင် ထိုင်နေသည့် နှစ်ယောက်အား ရာဇာ ခါးထောက်ကာ ကြည့်နေလိုက်သည်။ သူတို့ရဲ့ တစ်ထပ်တိုက်အိမ်လေးကို ဆောက်လုပ်ပြီးနောက် အိမ်ကိုဆေးသုတ်ရန် သုံးယောက်သား တိုင်ပင်ကြသည်။ သုံးယောက်ဆိုတာ အမည်ခံသာ ပန်ပန်နဲ့မာန်ပြည့် ရွေးနေတာနဲ့တင် အိမ်က ကာလာစုံနေပြီ။ ရာဇာ့ အခန်းအရောင်ကို မာန်ပြည့်က ရွေးချယ်သည်။ သူ့မှာ အထွန့်တက်ခွင့်မရှိ။

"စာကြည့်ခန်းကို တစ်ရောင်ပဲလုပ်ကြပါကွာ..ပန်းရောင်နဲ့နက်ပြာက ဘယ်လိုမှ မအပ်စပ်တာကြီးလေ"

"ဒါဆို နက်ပြာလုပ်လိုက်"

"ပန်းရောင်ပါဆို..ကိုကြီးက အဲ့မှာ စာလုပ်ဖြစ်မှာလား..ပန်ပဲ စာလုပ်ဖြစ်မှာ..ပန် ကြိုက်တဲ့ အရောင် ဦးစားပေး..ပန့်ကို အရမ်းအနိုင်ယူချင်တာပဲ.."

ပန်ပန်က အသံများပင် တုန်ယင်လာကာ ဝမ်းနည်းလာပုံရသည်။ ထိုအခါမှ မာန်ပြည့်က သူ့အား အားကိုးတကြီး မော့ကြည့်သည်။ အလကားကောင် ပန်ပန့်ကို တမင်လိုက်စနေတာ။

"မင်းဘာသာ ချော့"

ရာဇာ့ကို မာန်ပြည့်က လက်သီးထောင်ပြသည်။ ပန်ပန်ကတော့ ခေါင်းငုံ့ကာ စိတ်ကောက်နေသည်။

"ဒါဆိုလည်း ပန်းရောင်ပဲ လုပ်လိုက်လေ..ငါ နင့်ကို ချစ်လို့ အလျှော့ပေးတာနော် မိပန်"

ခေါင်းငုံ့ငိုနေသည်ဟု ထင်ရသည့် ပန်ပန်က ချက်ချင်းပင် ခေါင်းထောင်လာကာ မာန်ပြည့်အား မျက်စောင်းထိုးပြီး သူ့ကို မော့ကာ မျက်နှာချိုသွေးသည်။

စပန့်ဝမ်းဆက်လေးနဲ့ ဆံပင်နှစ်ဖက်စည်းကာ သူ့ဆီရောက်လာခဲ့သည့် ၈တန်းကျောင်းသူလေးက ယခု ဆယ်တန်းကျောင်းသူပင် ဖြစ်လို့လာခဲ့ပြီ။ အပျိုဖြန်းလေး အရွယ်သို့ ရောက်နေပြီဖြစ်၍ အဘက်ဘက်မှ ဂရုစိုက်ရတော့မည်။

"ရာဇာ အိမ်ရှေ့ခန်းမှာ TV မထားဘူးလား"

မာန်ပြည့်က ဝယ်ရမည့် စာရင်းစာရွက်ကြည့်ကာ သူ့အား မော့မေးသည်။ သူ ခေါင်းခါပြလိုက်သည်။

အိမ်ပြေး , အိမ်ပြေး { Z + U } Complete Where stories live. Discover now