ပြီးခဲ့ပါပြီ။ ကျွန်တော်ရဲ့ ပထမဆုံးသော လက်ရာကို တာဝန်ကျေခဲ့ပြီလို့ တစ်ကိုယ်တည်း ယူဆပစ်လိုက်ပြီ။
ကျွန်တော် ခံစားချက်တွေကို ဖော်ပြဖို့ စကားလုံးက ကျေးဇူးတင်ပါတယ် တစ်လုံးပဲ ရှိတယ်။ ဒါဟာ လေးလေးနက်နက် ထုတ်ပြောတဲ့ စကားပါ။ အိမ်ပြေးမှာ လိုအပ်ချက်တွေ ရှိမှန်း ကျွန်တော် သိပါတယ်။ လိုအပ်ချက်တွေကို မျက်ကွယ်ပြုပြီး အားပေးတဲ့ စာဖတ်သူတွေကြောင့် ကျွန်တော်က အဆုံးသတ်ကို ကောင်းကောင်းမွန်မွန် တာဝန်ကျေနိုင်ခဲ့တာပါ။
မှတ်မိလား။ တစ်ယောက်တည်းမေး တစ်ယောက်တည်းဖြေတဲ့ Author Note ကိုလေ။ ပထမဆုံး စာဖတ်သူတွေလည်း ကျွန်တော့်ရင်ထဲမှာ နေရာတစ်ခု ယူထားပါတယ်။ ကျွန်တော့်မှာ ကျေးဇူးတင်ရမဲ့ သူတွေ သိပ်များနေပါတယ်။
ဒါကြောင့် တစ်ယောက်ချင်းစီဆို ကျန်ခဲ့မှာ စိုးရိမ်လို့ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ အဆုံးထိ အတူရှိပေးခဲ့တဲ့ သူတွေရောပါ။ကျွန်တော် အိမ်ပြေးမှာ ပေးချင်ခဲ့တဲ့ အကြီးဆုံးအချက်က တစ်ချက်တည်းပါ။ ဒါကို ကျွန်တော့်အရေးအသားကနေ ဖော်ပြနိုင်ခဲ့ရဲ့လား မသေချာလို့ ကျွန်တော် ထုတ်ပြောပါမယ်။
ကျွန်တော် ပေးချင်တဲ့အချက်က လူငယ်တွေ ကြိုးစားဖို့ပါပဲ။ ဘယ်လိုအခြေအနေမှာ ဖြစ်ဖြစ် ကျွန်တော်တို့မှာ ကြိုးစားခွင့်တွေ ရှိပါတယ်။ လူပီသအောင် အလုပ်လုပ်ရပါမယ်။ ဒါလေးတစ်ခုပဲ သိသွားရင် ကျွန်တော် အိမ်ပြေးကို ဖန်တီးလိုက်ရတာ ကျေနပ်ပါပြီ။
နောက်ထပ် နောက်ထပ် စိတ်မပျက်စေရအောင် ကြိုးစားမယ်လို့ ဝန်ခံပါတယ်။ အိမ်ပြေးစာဖတ်သူတွေကို သက်သေတည်ပြီး ကျွန်တော် ကတိပေးလိုက်ပါမယ်။
အိမ်ပြေးအတွက် ရေးချင်တဲ့ comment လေးတွေ ပေးခဲ့ရင် ကျွန်တော်ပိုပျော်ရမှာပဲ။
အိမ်ပြေးမှာ ဇာတ်ကောင်နှစ်ယောက်တည်းကို ကျွန်တော် ဦးစားမပေးခဲ့ပါဘူး။ ဒါကြောင့် စာဖတ်သူ ရင်ထဲ သဘောကျခဲ့ရတဲ့ ဇာတ်ကောင်လေးများ ရှိရင်လည်း ပြောပြခဲ့ပါဦး။
(ကျွန်တော် Request လုပ်ချင်တာလေး တစ်ခုရှိပါတယ်။ စာဖတ်သူတွေ Review ရေးပေးတာက ကျွန်တော့်အတွက် အားဖြစ်စေတာ အမှန်ပါ။ ရေးပေးသမျှ Review တိုင်း ကျွန်တော် တန်ဖိုးထားပါတယ်။ တစ်ခုပါပဲ Review ရေးတဲ့အခါ Spoiler တွေအများကြီး ထည့်မရေးဖို့ပါ။ ကျွန်တော့် ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးပါပဲ။ မြှပ်ကွက် အနည်းငယ်လေးကို Review မှာ ထည့်ရေးလိုက်ရင် နောက်စာဖတ်သူတွေ ဘာဖတ်ကြရတော့မလဲလေနော်။ ဒါကြောင့်ပါ။ Review ရေးပေးခဲ့တဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျွန်တော် ကျေးဇူးအများကြီး တင်ရှိပါတယ်)
ŞİMDİ OKUDUĞUN
အိမ်ပြေး , အိမျပွေး { Z + U } Complete
Genç KurguZawgyi ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စေသလဲဆိုတာ။ Unicode ခံစားချက်တွေကို ဖွင့်ဟလိုက်ရင် ခင်ဗျားတို့နားလည်လာလိမ့်မယ်။ ပွင့်လင်းစွာချစ်ရခြင်းက ဘယ်လောက်ထိ စိတ်အာဟာရ ဖြစ်စ...