တချို့အကျင့်သေးသေးလေးတွေက...
ြုမတ်နိုးပျော်ရွှင်မှုကိုဖြစ်စေတယ်...ညက ဘတ်ဟျွန်းနဲ့ ချန်းယောလ်အိပ်ခံနီး စကားတွေအများကြီးပြောနေကြသည်မို့ အနည်းငယ်နောက်ကျမှအိပ်ဖြစ်ခဲ့ကြသည်။
ချန်းညောလ် ကတော့ပုံမှန်စောစောထနေကျလူမို့ အရင်နိုးလာပြီး ဘေးက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ အကောင်သေးသေးလေးကို စောင်ပိုခြုံပေးခဲ့ပီး ရေချိုး သန့်စင်ရန် ထွက်လာခဲ့သည်။
ရေချိုးခန်းထဲမှာ တချို့စောစောထတဲ့ မန်ဘာတွေလည်း တွေ့လိုက်ရသည်။
" မောနီး...."
သူနှုတ်ဆက်တော့သွားတိုက်ရင်း လက်ပြသူကတစ်ယောက်...အိပ်ငိုက်ပြီး ခေါင်းညိမ့်ပြတဲ့သူက တစ်မျိုးနဲ့ သူတို့ရဲ့ မနက်ခင်းအချိန်လေးကို စတင်လိုက်သည်။
" debutဖို့က ၄လဘဲလိုတော့တာကို...
ဘတ်ခ်ဟျွန်းရှီ က ခံနိုင်ရည်ရှိပါ့မလား.."သွားတိုက်နေတဲ့ဂယောင်ဆူက ပြောတော့ သူလည်း သွားတိုက်ရင်း စဉ်းစားနေလိုက်သည်။...
" သူခံနိုင်ရည်ရှိမှာပါ....ငါတို့တွေသူ့ဘေးမှာရှိတာဘဲကို..."
ချန်းယောလ်ပြောတော့ ကျန်တဲ့မန်ဘာတွေကခေါင်းညိမ့်ပြသည်။
သွားတိုက်လို့ပြီးကျတော့..." ငါ မနက်စာပြင်မယ်နော်..."
"အွန်း...ငါလည်းလိုက်မယ်..."
ပလုတ်ကျင်း..မျက်နှာသစ်ခြင်းကိုအပြီးသတ်ရင်း မနက်စာပြင်မည့်သူ့နောက်သို့ ဂယောင်ဆူလည်းလိုက်ပါလာသည်။ ရေချိုးခန်းထဲမှာတော့ရိရှင်း နဲ့ ဆယ်ဟွန်းက မပွင့်သေးတဲ့မျက်လုံးများနဲ့သွားတိုက်ရင်းကျန်ခဲ့သည်။
သူတို့အတွက်မနက်စာက ဂယောင်ဆူချက်ပေးံတဲ့ အာဟာရပြည့်ဝတဲ့ထမင်းတစ်ပန်းကန်နဲ့ ချန်းယောလ်လက်ရာ ကြက်ဥချောင်းကြော်ရယ်.. အရည်ဟင်းတစ်ခွက်ရယ် ကြက်ဥပြုတ်ရယ် နဲ့ မန်ဘာတွေရဲ့ မိဘတွေကပို့ပေးထားတဲ့ အရံဟင်းတွေသာပင်...
စားထားသမျှကိုမြန်မြန်ချေဖျက်ဖို့ အသီးအနှံနဲ့
အသီးဖျော်ရည်..နွားနို့တို့ကိုလည်းသောက်ရမည်ဟူသော gym trainer ၏တချက်လွှတ်အမိန့်ကြောင့် မစားချင်သည့် အသီးများကိုလည်း စားကြရမှာဖြစ်သည်။
YOU ARE READING
❤ You & Me Forever...❤
Hayran Kurguချန်းယောလ်လီနဲ့ ဘတ်ခ်ဟျွန်းနီး တို့ရဲ့ Momentsလေးတွေကို အခြေခံပြီး ရေးတဲ့ ficလေးပါ... ချန်းယောလ်လီန့ဲ ဘတ်ခ်ဟျွန်းနီး တို့ရ့ဲ Momentsလေးတွေကို အခြေခံပြီး ရေးတ့ဲ ficလေးပါ...