2 / Unicode

918 102 23
                                    

[ကောက်ယူလာမိတဲ့အမှိုက်ထုတ်]

ဆေးရုံကနေအိမ်ကိုရောက်ဖို့ တစ်နာရီကျော်လောက် Bus စီးရတယ်။ အလုပ်အတူလုပ်တဲ့အဖွဲ့သားတွေက အုပ်စုဖွဲ့ပျော်ပျော်ပါးပါး အတူပြန်ကြပေမဲ့ Ryan ကတော့ တစ်ယောက်ထဲသမားလေ။ ကုတ်အဖြူကိုလက်ပေါ်လွှားတင်ရင်း ဆေးရုံထဲကနေထွက်လာတဲ့သူ့ကို ပြန်ပြီလားဘာလား နှုတ်ဆက်မဲ့လူလည်းမရှိဘူး။ ဒီလောက်ဆိုRyanရဲ့ လူမှုရေးခေါင်းပါးမှုကြီးကို မျက်မှန်းတန်းမိပြီထင်ပါတယ်။ ဆူညံတဲ့နေရာတွေနဲ့ခပ်ဝေးဝေးမှာ Ryan အမြဲရှိတယ်။ ဆေးကျောင်းသားတပည့်တွေထဲက စာမတော်တဲ့တပည့်တွေကိုဆိုလှည့်မကြည့်ဘဲ ဘက်လိုက်တဲ့ခပ်ဆိုးဆိုးဆရာRyanပါ။ ဒီလောက်ထိ မာနထောင်လွှားနေတာဖြစ်သင့်တယ်။ ဘာလို့ဆိုRyanရဲ့အဖေဟာ အတော်ဆုံးဆရာဝန်တွေထဲ top ဖြစ်ခဲ့တဲ့ Surgeon တစ်ယောက်ပဲလေ။ Ryan က အဖေ့ခြေရာမှီတယ်။ ဒါပေမယ့် social ပိုင်းမှာဆိုရင်တော့ 0% ညံ့ဖျင်းလွန်းပါတယ်။

အိမ်ပြန်ချိန်အတွက်အဖော်ဟာ ခပ်အေးအေးသီချင်းတွေနားထောင်လို့ရတဲ့ နားကြပ်တစ်စုံရယ်၊ ပန်းသီးကိုတစ်ကိုက်ကိုက်ထားတဲ့တံဆိပ်ပါ လက်ကိုင်ဖုန်းကလေးရယ်ပေါ့။ အဆွေးအမြေ့တွေနားထောင်တဲ့အချိန် ပြတင်းပေါက်အပြင်ကလှုပ်ရှားမှုတွေကိုငေးရင်း ဆွေးရင်ဆွေးမယ်။ ခပ်မြူးမြူးသီချင်းကလေးဖွင့်ထားမိရင်တော့ လက်ချောင်းကလေးတွေဖြည်းဖြည်းချင်းလှုပ်လိုက်၊ ခေါင်းလေးနည်းနည်းယမ်းလိုက်နဲ့ သိပ်ကိုဇိမ်ကျတယ်။ တခါတလေ တစ်မှတ်တိုင်လောက်စောဆင်းပြီး စီးကရက်တွေဖွာရှိုက်ပြီးမှအိမ်ကိုပြန်လေ့ရှိတယ်။

နားရက်တွေဆိုရင်တော့ အိမ်မှာနေတယ်ရယ်ကိုမရှိပါဘူး။ အဖိုးကြီးdavidနဲ့ ရေနွေးခြမ်းတွေသောက်လိုက် စကားတွေပြောလိုက်နဲ့ပဲ စာအုပ်ဆိုင်အအိုအဟောင်းလေးထဲ အချိန်ကုန်နေတတ်တယ်။

ဒီနေ့တော့အလုပ်သိပ်များတာမို့ Ryan က ပင်ပန်းလွန်းနေပြီ။ မိုးဖွဲဖွဲကျထားတာမို့ မြေပြင်ကအစိုဓာတ်ရနေတယ်။ စိတ်ထဲမှာကြီးစိုးနေတာမိုးတွေထပ်ပြီးမရွာချခင် အိပ်အမြန်ရောက်ဖို့ပဲလေ။ ခပ်သွက်သွက်ကလေးလျှောက်လာရင်း မလေးရှားခေါက်ဆွဲဆိုင်ရှေ့ရောက်တော့ မျက်လုံးထောင့်ကတစ်စုံတစ်ရာကို Ryan သတိထားမိသွားတယ်။

Be My Chlorophyll [completed]Where stories live. Discover now