🦋"A Chit Oo " ( အလွမ်းဓာတ်လေး /အလြမ္းဓာတ္ေလး ) 🦋

4.1K 360 25
                                    

Unicode version


A Chit Oo 🦋 ( အလွမ်းဓာတ်လေး )

ချမ်းစိမ့်စိမ့်လေညှင်းနှင့်အတူ မိုးစက်ကျသံဟာလဲတစ်ဖြောက်ဖြောက်။

ကျွန်တော်အပြင်ထွက်ဖို့လိုအပ်တယ်။
ကျွန်တော် လေထုကို အဝအလင်ရှူပစ်ဖို့လိုအပ်တယ်။

ဒီအခန်းအတွင်းမှာ အောင်းနေခဲ့မိတာ
ဒီနေ့နဲ့ဆိုဘယ်နှစ်ရက်မြောက်လဲ။
ရေညှိတွေတက်နေတဲ့ နံရံလေးမှာ သံအိုလေးနဲ့အတူချိတ်ခွဲခံထားရတဲ့ ပြက္ခဒိန်ကို ကျွန်တော်တစ်ရွက်လှန်ကြည့်မိတယ်။

အော်.....ဘာလိုလိုနဲ့ နှစ်တစ်နှစ်ကိုကုန်ဆုံးရတော့မှာပါလားပေါ့။

" နောက်ဆုံးလူဖြစ်ဖို့အထိမမျှော်လင့်ခဲ့ဘူးကလေးငယ်
မင်းဘဝရဲ့ ပထမဆုံးဖြစ်ခွင့်ရရုံနဲ့တင် ကို,သေပျော်ပါတယ် " လို့ပြောခဲ့တဲ့ လူကြီး။

တစ်ကယ်ရော ပျော်ခဲ့ရဲ့လားကွယ်။

တော်ပါပြီ အတွေးတွေထဲမှာပိတ်လှောင်နေရတဲ့ဘဝက သိပ်မွန်းကြပ်ဖို့ကောင်းတယ်။
သူကျွန်တော့်ကို ဒီလိုပုံစံနဲ့မြင်ချင်မှာမဟုတ်ဘူးလေ။
သိနေသော်ငြား ကျွန်တော်မရွှင်လန်းနိုင်ပြန်ဘူးတဲ့။

ခက်လိုက်တာ ဦးငယ်ရယ်။

ခက်လိုက်တာ။

ခင်ဗျားမရှိတဲ့ ဘဝမှာ ရှင်သန်နေထိုင်ဖို့က ထင်ထားခဲ့တာထက်ခက်လိုက်တာ။

လွမ်းနေသော်ငြား ခန္ဓာဇီဝဖွဲ့စည်းပုံအရ
အစာအိမ်က တောင်းတသေးတာမို့ ဟက်ခနဲတစ်ချက်ရီရင်း ပျင်းတိပျင်းရွဲနှင့် မီးဖိုခန်းဆီခပ်လေးလေးသွားလိုက်တယ်။

ထမင်းအိုးကိုဖွင့်တော့ ထမင်းမရှိ
ဟင်းအိုးကိုဖွင့်တော့ ဟင်းမရှိ
ကျွန်တော့်ရင်ဖက်ကိုဖွင့်ကြည့်ရင်တော့ ခင်ဗျားကရှိနေတယ်။

ရူးချင်လိုက်ပုံများ။

ဒီလိုတွေတွေးနေလို့မဖြစ်သေးဘူးမဟုတ်လား။
အနွေးထည်ခပ်ထူထူတစ်ထည်ကို ကောက်ဝတ်လိုက်ပြီး
လည်ရှည်ဖိနပ်အနက်ရောင်ကြီးကိုထုတ်စီးလိုက်တယ်။

ဟော မေ့တော့မလို့
အိမ်တံခါးမှာချိတ်ထားတဲ့ တွဲ‌လဲကျနေတဲ့ ခရမ်းရောင်ထီးလေးကို ကျွန်တော်မေ့တော့မလို့ ဦးငယ်ရေ။
မေ့နေခဲ့ရင် မဖြစ်ချေဘူး။

" အလွမ်းဓာတ်လေး " " အလွမ်းဓာတ်လေး "Where stories live. Discover now