ကျွန်တော့်ကို ကျေးဇူးတင်တဲ့အနေနဲ့ ရွာမပြန်ခင်တစ်ရက်လောက် အစားအသောက် ဖွယ်ဖွယ်ရာရာနဲ့ ဧည့်ခံချင်လို့ပါတဲ့ မောင်ထူးတို့အိမ်ကဖိတ်တယ်။ အဲ့ဒါကြောင့် ကျွန်တော်အခု သူတို့အိမ်ရောက်နေပြီ။ မလိုပါဘူးလို့ပြောပေမယ့် သူတို့ကဇွတ်ပြောနေတော့ အားနာတာနဲ့လက်ခံလိုက်ရတယ်။ စားချင်တာလည်းပါတာပေါ့လေ။
မောင်ထူးတို့အိမ်က ချက်ထားလိုက်တာရှယ်တွေချည်းပဲ။ စားပွဲကြီးနဲ့ကိုအပြည့်။ ထမင်းတော့မပါဘူး။ အမဲသားပြားကိုကင်ထားတာထင်တယ်။ ခရင်းနဲ့ထိုး၊ ဓားနဲ့လှီးပြီးစားရတယ်။ အရသာကနူးအိလို့။ ဘေးမှာဝိုင်တစ်ခွက်နဲ့။ အလယ်မှာလည်း ဟင်းပွဲတွေစုံလို့။ ငါးကင်၊ ရေဘဝဲကင်၊ ကင်းမွန်ထောင်း၊ ဝက်ဂုတ်သားကင်၊ ပုဇွန်ကင်၊ ဟိုး..ဟိုး.. ကျွန်တော့်အကြိုက်တွေချည်းပဲ။ ပြောသာပြောရတာပါ ကျွန်တော်မကြိုက်တာကလည်း ဘာမှမရှိသလောက်ဘဲ။ "အစားကလူနဲ့တည့်ပါတယ်"ဆိုတဲ့ စကားကြားပြီးကတည်းက စားလို့ရတာအကုန် ပါးစပ်ထဲသွင်းတော့တာပဲ။
မောင်ထူးတို့အိမ်ကတော့ ထုံးစံအတိုင်း စကားတွေပြောနေကြတယ်။ အကင်တွေ၊ ဝိုင်တွေကတော့ ကျွန်တော့်ပါးစပ်ထဲချည်းပဲ။ ဝိုင်လေးသောက်လိုက်၊ အကင်လေးစားလိုက်၊ ကုန်ရင်မောင်ထူးကဖြည့်ပေးလိုက်နဲ့ အဆင်တွေကိုပြေလို့....
မောင်ထူးတို့အဖေက ဒီတစ်ခါကျတော့ သူသွားခဲ့ဖူးတဲ့ဒေသတွေအကြောင်း ပြောနေတာမဟုတ်တော့ဘူး။ LGBT အကြောင်းပြောနေတာ။ LGBT တွေနဲ့ဆိုင်တဲ့ ပရိုဂရမ်တစ်ခုလုပ်ပြီး TV အစီစဉ်မှာလွှင့်ချင်တာတဲ့။ ဒါဆိုမောင်ထူးတို့အိမ်က LGBT လက်ခံတယ်ပေါ့။ အင်းပေါ့ မောင်ထူး ကျွန်တော့်ကြိုက်နေတာသိတာတောင် ဘာမှမပြောဘဲကို။
ဟိုး.. ကမ္ဘာဦးအစ။ အာဒံဖန်ဆင်းလိုက်တဲ့ ဧဝက ယောက်ျားလေးသာဆိုရင်၊ ဒါမှမဟုတ် ဗြဟ္မာကြီးလေးဦးစလုံးက ယောက်ျားလေးတွေဖြစ်နေခဲ့ရင် သူတို့ရောအခုခေတ်လိုပဲ gay ကြမှာလား။ ပြီးတော့ သိချင်တာတစ်ခု ထပ်ရှိသေးတယ်။ သူတို့က ဘယ်လိုလုပ်ပြီး ရှလူးဖို့နည်းလမ်းကိုသိတာလဲ။ သူတို့ကဦးဆုံးမို့ သင်ပြပေးမယ့်သူလည်း ရှိတာမဟုတ်ဘူးလေ။ ဒီလိုမျိုးလားမသိဘူး။
ESTÁS LEYENDO
မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)