one part short story

234 15 1
                                    

ကိုးတန်းနှစ်စတွင် အခင်ရဆုံး ကျွန်တော့် သူငယ်ချင်းကို ပြပါဆိုလျှင် ကိုမျိုးကိုသာ ပြသရပါမည်။ကိုမျိုးကို သတိထားမိသည်မှာ သူ့ချောမောသော ဟန်ကြောင့် ဖြစ်သည်။

ထိုအချိန်ခေတ်စား
သော် ပန့်ခ် ကေ၊အီမိုကေတွေထဲမှာတော့
သူ့ပုံစံက အီမိုကေဖြစ်လိမ့်မည်။ 
ဆံပင်ရှည်ကို မျက်ခူံးစပ်နား မထိတထိ ရောက်သည်အထိ ခပ်ယိုင်ယိုင်
ချထားပြီး  ဆံဒေါက်ကတော့
အတို ဖြစ်သည်။   အသားဖြူသောကြောင့်
ကျောင်း အဖြူစိမ်းဝတ်တိုင်း အမြဲ ထင်းကာ
ကြည့်ကောင်းသည်။

သူ ဝတ်လေ့ရှိသော ကျောင်းစိမ်းပုဆိုးကား စျေးကြီးတယ် အသားကောင်းတယ်ဟု သတ်မှတ်ကြသော ပန်ဒါ တံဆိပ်ဖြစ်သည်။ခါးပုံစ သေးသေးလုပ်ပြီး ဝတ်သည်။ခြေမျက်စိနားကျော်သည်ထိ ဝတ်သည်(လူကြီးတွေပြောသည့်တံမြက်စည်းလှည်းသည့် ပုဆိုးဝတ်နည်း) ။အကျီဖြူကိုတော့ လက်ရှည်ရော အတိုရော ဝတ်သည်။ စီးသည့်ဖိနပ်ကလည်း ခြေညှပ်စရာမလိုသော ကွင်းထိူး ဖြစ်သည်။(ထိုခေတ်အခါက ကွင်းထိုးသည်
မိန်းမဆန်သည်  မစီးအပ်ဟူသော အယူဆသည် ကျွန်ုပ်ခေါင်းထဲ အစဉ်မြဲရှိနေသောကြောင့် ကျွန်ုပ်ကတော့ ခြေညှပ်ကတ္တီပါ ဖိနပ်သာ စီးလေ့ရှိသည်)။သူ့ မျက်နှာကလည်း ဖြူသောကြောင့် နှာခေါင်းနှင့် ပါးမှာရှိသော မှဲ့ ခြောက်ခပ်သေးသေးတွေက ထင်းနေသည်။ မှဲ့တွေရှိသော်လည်း ရုပ်ဆိုးမသွားဘဲ သူ့နေရာနှင့်သူ ရှိနေသောကြောင့် ကြည့်ကောင်းသည့်
ပုံစံ ဖြစ်သည်။  ပါးကအနည်းငယ်ဖောင်း
ဟန်ရှိသော်လည်း ဆံပင်ရှည်နှင့် အကိုက်ဖြစ်နေတတ်သည်။


ကိုမျိုးက အဆောင်နေ ကျောင်းသားမဟုတ်ဘဲ ဒေးသာ လာတက်သော သူဖြစ်သည်။မနက် ၈ နာရီဆို ဆိုင်ကယ် ကယ်ရီဖြင့်လာ ၊ ညနေလေးနာရီစောင်းဆို ကယ်ရီ ပြန်လာကြိုတာကို
ထမင်းချိုင့်ခြင်းလေး ဆွဲကာ စာသင်ခန်း လှေကားအုတ်ခုံမှာ ရပ် စောင့်နေတတ်သည်။
ဒေးသမားထဲမှာတော့ ကိုမျိုးက စာအတော်ဆူံးဟု ကျွန်တော် သတ်မှတ်ထားသည်။ အမှန်တစ်ကယ်လည်း တော်ပါသည်။ ပိုင်းလော့စာမေးပွဲတိုင်း  စတုတ္ထ နေရာတော့ အမြဲရသည်။



My beloved friendWhere stories live. Discover now