2

1.1K 98 3
                                    

ဂျွန်တစ်ယောက် ကျောင်းရောက်ပြီဆိုတာနဲ့ သူ့အဖော်တွေကို လိုက်ရှာနေတော့သည်။အဖော်ဆိုတာ တခြားတော့မဟုတ် တတိယနှစ်က Kim Seok Jinနဲ့ Kim Nam Joonတို့ပင်ဖြစ်သည်။သူတို့က ကိုလေးနဲ့ တစ်နှစ်ထဲပေါ့။ဂျွန်က ဒုတိယနှစ် တခြားအဖော် နှစ်ယောက်ရှိသေးတယ် Choi YeonJunနဲ့ Min Soo တို့ရှိတယ်...သူတို့နှစ်ယောက်နဲ့က မေဂျာမတူတော့ ပိတ်ရက်မှ တွေ့ဖြစ်သည်။ကျောင်းမှာကတော့ တစ်ခါတစ်လေမှသာ တွေ့ဖြစ်သည်။ကိုလေးရယ် သူ့သူငယ်ချင်းနှစ်ယောက်နဲ့ ဂျွန်တို့က မေဂျာတူတော့ ကိုကြီးတို့နဲ့သာ အတူတူတွဲသွား တွဲလာလုပ်နေတာပေါ့~

"ဟေး ဂျွန် ကိုကြီးတို့ဒီမှာ!"

"အမလေး မောလိုက်တာ"

ဟိုလူကြီးရဲ့ကားပေါ်ကနေဆင်းတာနဲ့ ပြေးပြီး ကျောင်းဝင်းထဲသို့ဝင်လာတာပင်~

"ဘာဖြစ်လာတာတုန်း ဖြေးဖြေးလာတာမဟုတ်ဘူး"

"အကြောင်းရှိလို့ပေါ့ ကိုကြီးတို့ရာ"

"ရော့ ရေသောက်လိုက် ခုနက လိုက်ပို့တဲ့ ဘဲကြီးက ဘယ်သူတုန်း"

ကိုကြီးဆော့ဂျင်က ရေးဘူးတစ်ဘူးကို ကိုယ့်ဆီပေးလာပြီး စကားဆိုလာသည်။

"ကိုကြီးတို့တွေ့လိုက်တာလား"

"ဘာလဲ နောက်ထပ်ယောက်ျားရှာပေးမယ့်တစ်ယောက်လား"

Park Juneဆိုတာက ကိုယ့်မေဂျာတစ်ခုလုံးမှာ နာမည်ကြီ ဖူဂျိုရှီမလေးပေါ့။အဟဲ ကိုယ်ဆက်ပေးတဲ့အတွဲတွေ မဖြစ်ဘူးဆိုတာက ခပ်ရှားရှား။ပြောရမယ်ဆို လုံးဝဆရာမကြီးပဲ။အဲ့ဒါကြောင့်လည်း ကိုကြီးတို့က ယောက်ျားလေးနဲ့တွဲမြင်တာနဲ့ ဒီလိုပဲမေးတာပေါ့~

"ဟာ...ဘယ်ကသာ အဲ့လူကြီးနာမည်က ဂျွန်ဂျောင်ကုတဲ့ ဖေကြီးက ဂျွန့်ကို အဲ့လူနဲ့ လက်ထပ်ဖို့ သဘောတူထားတာ"

"ဟယ် ဒါဆို မိဂျွန်တို့ အပျိုကြီးဘဝက ကျွတ်တော့မယ်ပေါ့"

"ဟာ ဘယ်က အပျိုကြီးလဲ ခုမှ၁၉နှစ်ကျော်ကျော်လေးရှိသေးတာ"

ဟုတ်တယ်လေ အခုမှ ကိုယ်က ၁၉နှစ်ပြည့်ပြီးတာမကြာသေးဘူး။အဲ့တာကို အိမ်က လက်ထပ်ဖို့ စီစဉ်ကြတယ်တဲ့။အဲ့တာကြောင့် လုံးဝသဘောမကျတာ။

Ko Ko Jung (ကိိုကိုဂျောင်)  ||Completed||Donde viven las historias. Descúbrelo ahora