One shot ~~~
++++++++++++++++++++++++++++++ချစ်ခြင်းမေတ္တာတွေက သူရဲ့ပါးချိုင့်ခွက်တွေမှာမှီတည်တယ်။ မပြောဘဲ သိစေမယ့်မေတ္တာစကားတွေဟာ မင်းကိုရည်ရွယ်တယ်။ ဘယ်လိုအကြောင်းပြချက်ကြောင့်ပဲဖြစ်ဖြစ် ဒီရင်ခုန်ခြင်းသံဇဉ်တွေဟာ မင်းကိုသာရည်ရွယ်တယ်။
#PPဆိုတယ့် စာသားနဲ့တွဲထင်ထားသည့် ig storyကိုကြည့်ရင်း Billkinပြုံးနေမိသည်။ ဒီစာသားလှလှလေးတွေဟာနှလုံးသားထဲကထွက်လာသလား၊ လက် သွယ်နုနုလေးထဲက ထွက်လာသလား ဝေခွဲမရဖြစ်နေ၏။ Billkin၏ စိတ်အာရုံအစုံသည်အပြုံးတစ်ခုနဲ့အတူ ခေတ္တရပ်တန့်သွားခဲ့ပြီ။
Billkinကုတင်ပေါ်တွင်လှဲ၍ဖုန်းမျက်နှာပြင်ကိုကြည့်နေရာမှ အလျှင်အမြန် မှန်ရှေ့သို့သွားလိုက်သည်။ရှုပ်ပွနေသောဆံပင်များကိုအနည်းငယ်ကြည့်ကောင်းအောင်သပ်တင်လိုက်ရင်း အလင်းရောင်ကောင်းသည့်ပြတင်းပေါက်အနားသွားသို့သွားကာ ဆယ်လ်ဖီဆွဲရန် ပြင်လိုက်သည်။ ဝင်းနေသည့်အသားအရေသည် နေရောင်၏အထောက်အပံ့ဖြင့်ပို၍တောက်ပနေသယောင်။ ပါးချိုင့်များခွက်ဝင်သွားသည်အထိစိတ်လိုလက်ရပြုံးလိုက်ပြီး ဓာတ်ပုံတစ်ပုံရိုက်လိုက်သည်။ ထို့နောက် ig storyတွင် "မင်းခိုဝင်ချင်တယ့်ပါးချိုင့်နက်နက် 555" ဟူသော ကပ်ပရှင်နှင့်အတူတင်လိုက်ကာJust now ဆိုသည့် စာတန်းနှင့်အတူ 1viewအားအလျှင်စလိုကြည့်မိ၏။ သူ့ဘဝရဲ့နေရောင်ခြည်လေးက ကျိန်းရှအောင်တောက်ပလျက်။
-------------Kritသည်အထုပ်အပိုးများသိမ်းဆည်းနေသည်ကို ခဏရပ်လိုက်ပြီးဖုန်းအားယူကိုင်၍just nowဆိုသောstoryအားဝင်ကြည့်ရင်း နှစ်ခြိုက်စွာပြုံးမိသည်။ ဒီပုံသည် သူတင်ထားသောstatusအားရည်ရွယ်သည်မှာသေချာ၏။ တရုတ်နှစ်သစ်ကူးအား သူနှင့်အတူအချိန်ကုန်ဆုံးဖို့ တဂျီဂျီပြောနေသောကောင်လေးတစ်ယောက်အား အံ့ဩသွားစေရန်အတန်းဖျက်၍ ဖူးခတ်သို့ ပြန်ရန်ပြင်ဆင်နေခြင်းဖြစ်သည်။မဟုတ်ပါကမျက်ရည်လည်ရွှဲ၊ နှပ်ချီးတွဲလွဲဖြင့်ငိုနေနိုင်သည့်လူသားတစ်ယောက်အကြောင်းတွေးမိသဖြင့် ပြုံးရပြန်သည်။ထိုသူကမူ လွန်ခဲ့သောနှစ်ရက်ကတည်းက အိမ်ပြန်သွားပြီဖြစ်သည်။
![](https://img.wattpad.com/cover/248668693-288-k175131.jpg)
YOU ARE READING
နောက်ဆုံးသောနေရောင်ခြည် (BkPp Fanfic)