Intro

390 24 6
                                    

ဤ fanficသည် ဆရာမကြီး ပုညခင် ရေးသားထားသော အမုန်း၏ဆွဲငင်အား စာအုပ်အား Jenlisa verမျိုးပြောင်း၍ရေးသားခြင်းဖြစ်ပေသည်။ထိုသို့ရေးသားရာတွင်အမှားများပါခဲ့သည်ရှိသော် ခွင့်လွှတ်ပေးပါ။
ဆရာမကြီး ပုညခင်အားလေးစားလျက်
                                         Park Larry

ZawGyi

Jennieသည်မှန်နံရံအပြည့်ကာရံထားသည့်ဧည့်ခန်းကျယ်ကြီး၏အလယ်တွင်တစ်ယောက်တည်းငြိမ်သက်စွာထိုင်နေခဲ့နာရီနှင့်ချီပြီးကြာခဲ့ပြီထင်၏။Jennie၏မျက်လုံးအကြည့်တို့မှာမှန်နံရံ၏အပြင်ဘက်မြက်ခင်းစိမ်းဆီကလူနှစ်ယောက်ထံတွင်စိုက်တံနေ၏။Jennie၏မျက်ဝန်းအစုံသည်အေးစက်နေ၏။ကြောက်ရွံ့နေ၏။ခါးသီးလှစွာ၏။သို့သော်...ဒီနေရာကထွက်ပြေးဖို့Jennieမှာအင်အားမရှိပေ...။

မြက်ခင်းစိမ်းပေါ်တွင်လူတစ်ချို့သွားလာနေသည်။စားပွဲတွေ ထိုင်ခုံတွေကိုသယ်ရွှေ့နေရာချထားနေကြ၏။ထိုလူတွေနဲ့ခပ်ဝေးဝေးကကြည်လင်နေသောရေတို့စီးဖြာကျနေသည့်ရေတံခွန်အတုနားမှာ ရပ်နေတဲ့သူဟာ Jennie၏တစ်ဘဝလုံကိုစိတ်တိုင်းကျချယ်လှယ်နေသည့်...Lalisa Manoban....။သူ့ရှေ့မှာရပ်နေတဲ့သူက လှပကြွရွသော်လည်းကြွေကွဲရိပ်ကိုဆင်မြန်းထားသည့် ကောင်မလေးတစ်ယောက်။အတိအကျပြောရလျှင်လတ်တလော Lalisaနှင့်တွဲနေသည့် မိန်းမတစ်ယောက်။

သူမကပေါင်လယ်လောက်ထိ ရှည်ကျနေသည့်အင်္ကျီပျော့ပျော့ပါးပါးလေးအောက်မှာ အင်္ကျီ ထက်လက်လေးလုံးလောက်သာပိုရှည်သည့်ဘောင်းဘီတိုကလေးဝတ်ထားသည်။Lalisaဆိုသောသူက ထုံးစံအတိုင်းတန်ဖိုးကြီးနာမည်ကြီးတံဆိပ် ရှုပ်လက်ရှည်နှင့် စတိုင်လ်ပဲန်နှင့်ပင်။

ထိုမိန်းမသည်lalisaကိုမော့ကြည့်လျက် ရန်တွေ့နေဟန်။ထို့နောက်ချက်ချင်းအသွင်ပြောင်း၍ ခေါင်းငုံ့ကာမျက်ရည်သုတ်ပြန်သည်။lalisaကတော့မထီမဲ့မြင်ပုံမျိုးနှင့်ပင်။ပြီးတော့ခေါင်းမော့ရယ်ကာ ထိုမိန်းကလေးရဲ့ပုခုံးကိုတစ်ချက်နှစ်ချက်ပုတ်၍နှစ်သိမ့်လိုက်လေ၏။

Jennieသည်ထိုမြင်ကွင်းကိုမမှိတ်မသုန်ကြည့်နေမိ၏။
ဒီလိုမြင်ကွင်းဝါမဆန်းဘူးဆိုပေမယ့်ကြွေရုပ်နဲ့စေ့စပ်ပွဲလုပ်ဖို့ပြင်ဆင်နေသည့် ဒီလိုနေ့မျိုးအထိ ဇာတ်လမ်းမပြတ်သေးတာတော့ အံသြစရာပင်။ဒါပေမယ့် ဒီလောက်ထိJennie Kimအတွက်တော့အံသြစရာ မကောင်းပေ။ဘာလို့ဆိုသူ့မှာဒီလိုအကျင့်ရှိနေတာကို Jennie Kimမသိခဲ့သည်မဟုတ်ချေ။ Jennieကိုစေ့စပ်လိုက်တာနဲ့ ဒီလိုအချိုးတွေပြင်လာလိမ့်မယ်ဘို့မျှော်လင့်မိတာJennie Kimအမှားပင်ဖြစ်လေသည်။

You've reached the end of published parts.

⏰ Last updated: Nov 23, 2020 ⏰

Add this story to your Library to get notified about new parts!

Hateness 증오 Where stories live. Discover now