ကိုကြီးရဲ့အလုပ်ကိုရောက်တော့ အချိန်က
ခါတိုင်းကိုကြီးသွားချိန်ထက်နောက်ကျနေပေပြီ ။
ထိုကြောင့် ဈေးရောင်းဈေးဝယ်သူတွေဖြင့်
စည်စည်ကားကားနှင့်ရှိနေသည် ။ အဝင်ပေါက် ကနေတဖြည်းဖြည်းလျှောက်လာရင်း စက်လှေကားနားဆီရောက်တော့မည် ။ စီးရဲနေပြီ ဆိုပေမယ့်ရင်တော့နည်းနည်းခုန်နေမိသေးသည် ။
သို့ပေမယ့် ဘေးနားမှာကိုကြီးတစ်ယောက်လုံး ပါနေသည်ကြောင့် စိုးရိမ်ခြင်းလုံးဝမရှိပေ ။
ရဲရဲတင်းတင်းသာလိုက်တက်ဖို့ပြင်နေပေမယ့်
စက်အောက်ခြေနားမှာ အတူတူလျှောက်လာသည့်
ကိုကြီးခြေလှမ်းတွေရပ်လို့လာသည် ။ ထိုနောက်
သွေးကြောစိမ်းစိမ်းလေးတွေနှင့် လက်တစ်ဖက် သည်ကျွန်တော့်ရှေ့မှာဖြန့်ချကာပေးလာသည် ။လက်ပိုင်ရှင်ကိုကြီးကိုတစ်လှည့် လက်သွယ်သွယ်လေးကိုတစ်လှည့်ကြည့်မိရင်း
ခေါင်းလေးငုံ့ကာပြုံးမိသည် ။ နွေးထွေးသွားသည့်
နှလုံးသားတစ်စုံသည်မြူးတူးနေလို့ ။ ရှက်စိတ် လေးတွေမပြယ်နှင့် လက်တစ်ဖက်ကို
ကိုကြီးလက်ထဲအပ်လေတော့ နူးညံ့စွာ
ဆုပ်ကိုင်လာသည် ။ ကျွန်တော့်လက်လေးသည်
ကိုကြီးရဲ့လက်ပြင်ကြီးထဲမှာတော့ သေးငယ်စွာပင်နွေးနွေးထွေးထွေးလေးသာ
မြှုပ်လို့နေသည် ။ ပြန်တည်ရခက်တဲ့ အပြုံးတွေနဲ့
ဘေးကပ်ရပ်ကကိုကြီးကိုသာ ငေးရင်းသာ
တစ်ထပ်ပြီးတစ်ထပ်တက်လာခဲ့သည် ။ ဘေးက ဝန်းထမ်းတွေကအစရှိရှိသမျှလူတွေအားလုံး အံ့သြစွာကြည့်နေကြလည်း ကိုကြီးဘာကိုမှ
ဂရုမစိုက် ။ ကိုကြီးဂရုစိုက်တာ သူ့ကိုငေးရင်း
လျှောက်နေသည့်ကျွန်တော်လဲမှာနှင့် တခြားသူတွေကိုကျွန်တော်တိုက်မိမှာကိုပင် ။
ဖွင့်ဟမပြောလည်း အချစ်ဆိုတာ ကိုကြီးရော
ကျွန်တော်ရောအတွက်ဖြစ်တည်နေပြီ ခံစားတတ်နေပြီ ။ အပြုအမူလေးတွေကစ
တစ်ဦးနှင့်တစ်ဦးအချစ်ကိုသက်သေပြုပြီးသား ။
သို့ပေမယ့် ကိုကြီးသိအောင်မိုင်က ပြောပြချင် သေးတာ တစ်နေ့နေ့ကိုကြီးကသာစမပြောရင်
မိုင်ကစပြောမှာနော် ။ အရှိကိုအရှိတိုင်း ဖွင့်ပြောမှာ ။" ကိုကြီးကိုချစ်တယ် "
" မိုင် ဘာပြောလိုက်တာ "