Unicode
အိပ်ရာနိုးလာတော့ စားပွဲပေါ်ကPhကိုဆွဲယူလိုက်တယ်။9:34am..
ခါတိုင်းနေ့တွေလိုအနားမှာ ပူညံပူညံလာလာလုပ်တဲ့အကောင်ပေါက်လေးမရှိတော့ တိတ်ဆိတ်လွန်းနေသလို။Ph ကို စားပွဲပေါ် ပြန်ချထားလိုက်ပြီး ရေချိုးခန်းထဲဝင်လိုက်တယ်။
30min later.....
အိမ်ထဲမှာအဖွားကိုမတွေ့လို့ အိမ်ရှေ့ထွက်ရှာတော့ ပန်းပင်တွေကြောင့်ကပ်ကြေးတစ်လက်နဲ့ အလုပ်များနေတဲ့အဖွား။ခြေသံကြောင့်ထင်ပါရဲ့ အဘွားကလှည့်ကြည့်တယ်။
"နိုးလာပြီလားမြေး မနက်စာစားဖို့စောင့်နေတာ မြေးကပင်ပန်းလာတော့မနိုးတော့ဘဲ အဘွားစားနှင့်လိုက်တယ် စားပွဲပေါ်မှာ မြေးအတွက် ထမင်းပွဲပြင်ထားတယ် သွားစားလိုက်ဦး"
" အာ ထမင်းလား ဆန်ခေါက်ဆွဲလေးလုပ်ခိုင်းမလို့ဟာကို"
"အော် အချိန်ကိုလည်းကြည့်ဦးလေ အစာပြေစားတဲ့အချိန်လား မြေးရဲ့"
"အဘွားရဲ့ ဆန်ခေါက်ဆွဲကို လွမ်းနေတာကို"
"အေးပါကွယ် လာလာ အဘွားလုပ်ပေးမယ်"
"အခုတော့နေပါစေတော့ထမင်းပဲစားတော့မယ် မနက်ဖြန်မှပဲ"
"ဟုတ်ပါပြီတော် ဒီလို ဂျီကျတာမျိုးတွေ မမြင်ရမကြားရတာတောင်ကြာပေါ့ "
ထမင်းစားရင်း Jungkook အတွေးထဲဝင်လာတာက Jimin။သူစားပြီးပြီလား။သူဘာတွေကြိုက်တတ်လဲ။အခုရော ဘာတွေလုပ်နေလဲ။ထမင်းစားနေရင်း ဘောင်းဘီအိတ်ကပ်ထဲက ph ကို ဆွဲထုတ်လိုက်ပြီး Jimin နံပါတ်ကိုခေါ်လိုက်သည်။
စက်ပိတ်ထားတယ်။ဘာလဲ ညကဟာကိုခုထိကောက်တုန်းလား။ကလေးလားကွာ။စက်ပိတ်ရတဲ့အထိ။
Jimin ဘာလို့စက်ပိတ်ထားတာလဲ။
စိတ်ဆိုးနေတာလား။
သတိရတယ်။မက်ဆေ့ချ်ချန်ထားလိုက်ပြီး ph ချကာ ထမင်းသာအေးဆေးဆက်စားမိသည်။စားနေတုန်း အဘွားရောက်လာကာ မျက်နှာကို စေ့စေ့ကြည့်နေတာကြောင့် Jungkook ပြုံးမိသည်။
"ချောလာလို့လား ဒီလေါက်ထိကြည့်နေတာ"
"မြေးမှာ ချစ်ရမဲ့သူတွေရှိနေပြီလား"