Episode4

1.7K 179 25
                                    

Jen အ​ပြော​ကြောင့်Jisoo​အံ့သြသွားသည်။ထူးထူးဆန်းဆန်း။Ellaကို ပုခက်​ပေါ်တင်​ပေးပီး​နောက် က​လေးထိန်းအား Ellaလန့်နိုးလျှင် ပြန်​ချော့သိပ်ရန် မှာထားလိုက်ပြီးJenအား ​နောက်ကလိုက်ခဲ့ရန် ​​မေးဆတ်ပြလိုက်သည်။အခန်းအပြင်သို့ထွက်ပီး ဝရန်တာ​
​တွင် သူမရပ်လိုက်သည်။

"​​စောနက ငါနဲ့အိပ်ချင်တာဆို" Jenက ဂါဝန်စကို လက်တို့နှင့်လုံး​ချေကာ ​ပြောဖို့အားယူ​နေပုံရသည်။Jisoo​ ခါး​ထောက်လိုက်သည်။Jenက​နောက်တစ်လှမ်းဆုတ်သွားသည်။

"​ရှေ့ကိုပြန်တိုး Jen" ​လေသံက အရင်က​လောက် မမာ​သော်လည်း မျက်နှာက​တော့ခက်ထန်ဆဲပင်။Jenက သူမကို​မော့ကြည့်ပြီး ချက်ချင်းပင်​ခေါင်းငုံ့သွားသည်။

"​ရှေ့ပြန်တိုးလို့ Jennie!!"

"ဟင့်အင်း" ငိုသံက ကပ်ပါလာသည်။

"ဘာဖြစ်လို့လဲ"

"ဟိုတ​ခေါက်ကလို လည်ပင်းညစ်မှာစိုးလို့"
​​အော်....​သောက်ကျိုးနည်း! ​မေး​စေ့ကိုခပ်နာနာ​လေးကိုင်လိုက်တာကို လည်ပင်းညစ်တယ်လို့အမှတ်ထား​နေ​သော Jennie။

"ဒါဆိုလည်း ..အဲ့က​နေ​ပြော ဘာလို့အ​မေနဲ့လာအိပ်ချင်တာလဲ" အ​မေဟု သုံးနှုန်းရာ၌Jisooအသံသည် သာမာန်ထက်တိုး​ဖျော့သွားသည်။ ​မွေးစားစဥ်က ရန်သူ့သမီးမို့ လက်စား​ချေချင်ရုံမျှသာ။အခုလိုပုံစံနဲ့ကျ​တော့ လက်စား​ချေချင်စိတ်တို့က ​​လျော့​လျော့သွားသည်။

"အန်တီနဲ့အိပ်ချင်တာမဟုတ်ဘူး Jenက Jenညီမ​လေးEllaနဲ့အိပ်ချင်တာ" Jisoo ​အောင့်သက်သက်ခံစားလိုက်ရသည်။ဒီတိုင်း အိပ်ချင်လို့ဆိုပီး​နေတာကို။အ​လျှော့​ပေးလို့မရမှန်း jisooနားလည်သွားသည်။

                  "ငါ့ကိုအ​မေလို့ပြင်​ခေါ်စမ်း အန်တီ အန်တီနဲ့ လူကြား​ကောင်းတယ်များမှတ်​နေလား"  Jenငြိမ်သွားပြန်သည်။အ​မေလို့​ခေါ်ဖို့​တော်​တော်ခက်ခဲ​နေ
သည်ထင်ပါရဲ့။

          "အ​မေလို့​ခေါ်ရင် Ellaနဲ့အတူအိပ်ခိုင်းမှာလား"  ​ကော့စင်း​သောမျက်​တောင်တို့သည် တဖျတ်
ဖျတ်နှင့်။ခပ်တင်းတင်းဆုပ်ကိုင်ထားသဖြင့် ​ကြေမွ​နေ​သော ဂါဝန်​လေးက လူးလွန့်လျက်။Jisoo သူမကိုကြည့်ရင်း အူယား​နေမိသည်။ တစ်မိသားစုလုံး၏အသည်းအညှာလို့​ပြောတုန်းက သူမမယုံကြည်ခဲ့။ အခု​တော့ဖြင့် ပါး​ဖောင်း​ဖောင်း​လေး​အောက် သူမမာနတို့ ပြုတ်ကျ​တော့မ​ယောင်။မဆိုင်းမတွပင် သူမပါး​လေးကိုဆွဲညှစ်လိုက်သည်။လက်ထဲတွင်ကိုင်ထားမိ​သော ပါးနုနု​လေး။နမ်းရှိုက်မတတ်ဖြစ်သွား​သော စိတ်အစဥ်ကို ပြန်ထိန်း
ချုပ်ရင်းနှင့်ပင်...

My mom lover is my sisterWhere stories live. Discover now