1

12 1 0
                                    

  ဆောင်းဦးကာလဝင်လာသည် ဖြစ်၍ အအေးဓာတ်က သိသိသာသာ ပိုလာသည် ။
ပထမဆုံးနှင်းမကျသေးသော်လည်း နံနက်လင်းပိုင်းဆို စောင်ပုံကြားက မထချင်လောက်အောင် အေးသည်။ လက်ခံထားသော ပန်းချီကားကို ပြီးစီးအောင် လက်စသတ်နေရသည် ဖြစ်ရာ ညလုံးပေါက်နီးပါး ရှောင်းကျန့် မအိပ်ရသေး။ အားလုံးနီးပါး လက်စသတ်ပြီး၍ နာရီကို ကြည့်လိုက်တော့ မနက် (၃) နာရီ ကျော်နေပေပြီ ။ တချက်သမ်းဝေလိုက်ရင်း အိပ်ယာပေါ်ကို စိတ်လိုလက်ရ လှဲချလိုက်မိသည် ။ အလုပ်ပင်ပန်းဒဏ်ကြောင့် မျက်ဝန်းတို့ကို မှိတ်ချလိုက်တော့ အိပ်စက်ခြင်း ကမ္ဘာကို အလွယ်တကူပင် ရောက်ရှိသွားသည် ။
💚❤
"Hi Morning"

မနေ့ညက အိပ်ရေးဝအောင် မအိပ်ရသေးသဖြင့် ဆိုင်ကောင်တာမှာ ထိုင်ငိုက်နေတုန်း တံခါးထိပ်က ခေါင်းလောင်းလေး တုန်ခါသွားမှုနှင့်အတူ နံနက်ခင်း တေးသံသာ ကို ကြားလိုက်ရသည် ။

"Geရဲ့ ဆည်းလည်းလေး လာပြီ"

Coffee ခွက်ကို သူ့နားလာချပေးရင်း ရွှယ်ယန်က ပြုံးစိစိဆိုသည် ။

XZ>>"ခေါင်းလောင်းကြီးပါကွာ... ငါ့ရဲ့ အိပ်ချိန်လေးတွေကို ဖျက်ဆီးမယ့် ခေါင်းလောင်းသံကြီးပါဟ😭"

Xiao Zhan ရဲ့ ငိုမဲ့မဲ့အပြောကြောင့် ရွှယ်ယန်က သဘောတကျ ရီသည် ။ သူတို့၂ယောက် အခြေတင်ပြောနေတုန်း အနားရောက်လာသူက Zhan Geရဲ့ ခေါင်းလောင်းလေး ..
အမည်နာမအားဖြင့် Wang Yibo...

Yb>>"Gege.. ငိုင်မနေနဲ့ထ..ကျွန်တော်နဲ့ သွားပြေးမယ်"

XZ>>"Yibo ya..Ge ဒီနေ့ တရက်နားမယ်လေကွာ နော်...မနေ့ညက အလုပ်ပိနေလို့ Ge အိပ်ရေးပျက်ထားတယ်...ခဏ အိပ်လိုက်အုံးမယ် လေ... နော် "

Yb>>"မရဘူး 🙅‍♂️..နံနက်ခင်း ပြေးတာ ကျန်းမာရေး ကောင်းစေတယ်လေ...၈နာရီထိုးတော့မယ် Geရဲ့... "

ပြောပြောဆိုဆို Yiboက ကောင်တာနောက် အတင်းဝင်ကာ ဆွဲခေါ်သည် ။ နောက်ဆုံးတော့လည်း ကောက်ကောက်ပါအောင် ပါသွားသော ဆရာရှောင်းကို ကြည့်ကာ ရွှယ်ယန်က မှတ်ချက်တခု ပေးလိုက်ပါသည်။

"ဟုတ်တာလည်း မဟုတ်ပဲ သောက်ပိုတွေ သိပ်သိပ်ပြော🙂"


Xiao Zhan...
ပန်းချီဆရာ Sean Xiaoဟုလည်း နာမည်တခု ရှိသူ ဖြစ်သည်။ အရင်တည်းက ဘဝကိုရိုးရိုးရှင်းရှင်း ဖြတ်သန်းလိုသော သူက အနုပညာကျောင်းတွင် ပန်းချီမေဂျာတွင် ဘွဲ့တခု ရပြီးတည်းက ပန်းချီဆရာ တယောက်အနေဖြင့်သာ ရပ်တည်ခဲ့သည်။ တခါတရံ စားဝတ်နေရေး အတွက် ပုံတူပန်းချီ တချို့ ဆွဲပေးယုံကလွဲ၍ ကျန်သည့်အချိန်များတွင် ပုံတူပန်းချီ ဆွဲပေးလေ့ မရှိပေ။ မိဘ၂ပါး ဆုံးပါးသွားပြီးနောက် ကိုယ်ပိုင်တိုက်ခန်းလေးတွင် ပန်းချီဆွဲရင်း သူ့အိပ်မက်ဖြစ်သော Cafe ဆိုင်လေး တဆိုင်ကို ညီတဝမ်းကွဲ ဖြစ်သူ ရွှယ်ယန်နှင့်အတူ ဖွင့်ဖြစ်ခဲ့သည်။
   တကိုယ်တည်းသမား ဖြစ်သော သူ့အတွက် Cafeဆိုင်ပိုင်ရှင် ဘဝဖြင့် အေးအေးချမ်းသာစွာ ဘဝကိုဖြတ်သန်းခဲ့သည် ။

Xiao Zhan...
ပန်းချီဆရာ Sean Xiaoဟုလည်း နာမည်တခု ရှိသူ ဖြစ်သည်။ အရင်တည်းက ဘဝကိုရိုးရိုးရှင်းရှင်း ဖြတ်သန်းလိုသော သူက အနုပညာကျောင်းတွင် ပန်းချီမေဂျာတွင် ဘွဲ့တခု ရပြီးတည်းက ပန်းချီဆရာ တယောက်အနေဖြင့်သာ ရပ်တည်ခဲ့သည်။ တခါတရံ စားဝတ်နေရေး အတွက် ပုံတူပန်းချီ တချို့ ဆွဲပေးယုံကလွဲ၍ ကျန်သည့်အချိန်များတွင် ပုံတူပန်းချီ ဆွဲပေးလေ့ မရှိပေ။ မိဘ၂ပါး ဆုံးပါးသွားပြီးနောက် ကိုယ်ပိုင်တိုက်ခန်းလေးတွင် ပန်းချီဆွဲရင်း သူ့အိပ်မက်ဖြစ်သော Cafe ဆိုင်လေး တဆိုင်ကို ဖွင့်ဖြစ်ခဲ့သည်။
   တကိုယ်တည်းသမား ဖြစ်သော သူ့အတွက် Cafeဆိုင်ပိုင်ရှင် ဘဝဖြင့် အေးအေးချမ်းသာစွာ ဘဝကိုဖြတ်သန်းခဲ့သည် ။
   ထိုကောင်လေး...အာ့ဒီ Wang Yibo ဆိုသောကောင်လေး သူ့ဘဝထဲဝင်မလာခင် ထိတော့ Cafeဆိုင်နှင့်အလုပ်ခန်း အလုပ်ခန်းနှင့်Cafeဆိုင် သူ့နေ့စဉ် ဘဝက ရိုးရှင်းလှပါသည်။
                ထိုနေ့...သူနဲ့ အာ့ဒီကောင်လေး စတင်ဆုံခဲ့သောနေ့ကို Xiao Zhan ကောင်းကောင်းကြီး မှတ်မိနေပါသေးသည်။
                                                 အာ့ဒီနေ့က ဆိုင်ပိတ်ပီး သူအိမ်ပြန်ဖို့ ပြင်နေတုန်း ဖုန်းဝင်လာသည်။ တဦးတည်းသော ညီတဝမ်းကွဲ လေး ရွှယ်ယန် ရန်ဖြစ်၍ ရဲစခန်းရောက်နေသည်တဲ့...ရွှယ်ယန် က တက္ကသိုလ်ကျောင်းသားဖြစ်၍ သူ့ဆီလာနေကာ ကျောင်းတက်ရင်း ဆိုင်ကိုကူနေသူ ဖြစ်သည်။ သူ့မိဘတွေက ပြည်ပမှာဖြစ်ရာ ရွှယ်ယန် ကိစ္စအားလုံးက သူ့ခေါင်းပေါ်မှာ...
                                                                                                      Xiao Zhan အမောတကောနဲ့ စခန်းရောက်သွားချိန်မှာတော့ ရွှယ်ယန်နဲ့အတူ ကောင်လေး တယောက် ယှဉ်ထိုင်နေတာကို တွေ့ရသည်။ ၂ယောက်လုံးကတော့ အညိုအမဲ ဒဏ်ရာတွေနဲ့...
                                                                                                                                                           ၂ယောက်လုံး သူတပြန်ကိုယ်တပြန် ထိုးထားကြတာပေမယ့် စထိုးသူက ကိုယ့်ညီဖြစ်နေတာမို့ Xiao Zhan တဖက်ကိုပဲ တောင်းပန်ရပါတော့သည်။ ထိုကလေးကို အိမ်ခေါ်လာပြီး ဆေးထည့်ပေးရင်း သူ့အကြောင်းကို စပ်စုမိလိုက်ရာက Wang Yibo ဟု ခေါ်ကြောင်းနဲ့ Bar တခုမှာ အချိန်ပိုင်း လုပ်ရင်း ကျောင်းတက်နေကြောင်း သိရသည်။ ဒီအရွယ်လေးနဲ့ ဒီလိုမျိုး လုပ်ရင်း ကိုယ့်ဘဝကို ကျောင်းနေသော ထိုကလေးကို Xiao zhan သံယောဇဉ် တွယ်ခဲ့မိတာအမှန်။ အသက်ရွယ်နဲ့ မမျှအောင် တည်ကြည်ချောမွေ့နေသော ရုပ်ရည်ပိုင်ရှင် ကလေးကို Barမှာ ဆက်မလုပ်စေချင်တာကြောင့် သူ့ဆိုင်ကို အလုပ်ပြောင်းလုပ်ဖို့ ပြောမိတော့ လိုလိုလားလား လက်ခံသည်။ ထိုစဉ်တည်းက အနှီကောင်လေးဟာ သူ့ကို စူပါဂလူးပ်တောင် အရှုံးပေးရအောင် ကပ်နေမယ့်သူ  ဆိုတာ သူမသိတတ်နိုင်ခဲ့...
                                                                                                                                                ❤

Yb>>"Gege!!"

မနက်ကလည်း ဟိုကလေးနဲ့ ပြေးရတာကြောင့် နေ့ခင်းမှာ  Xiao Zhan အိပ်ဖို့ အိမ်ပြန်လာခဲ့သည်။  အိပ်ပျော်စမှာပင် အနားကပ်ပီး ခေါ်လိုက်သော အသံခပ်သြသြ ကြောင့် အိပ်ချင်စိတ်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်။

XZ>>"Wang Yibo!!"

Yb>>"ခင်ညာ😁"

သူ စိတ်တိုတိုနဲ့ ကျူံးအော်တော့မှ သူ့ဘေးမှာ ထိုင်ရင်း သွားအဖြဲသားနဲ့ ရီပြလာသည်။

XZ>>"ငါ့ကို လာမရှုပ်ဘဲ အခုချက်ချင်း ဆိုင်ကိုသွားလိုက်ပါတော့ !!"

Yb>>"သွားပါဘူး...ဟိုကောင် ရွှယ်ယန် ရှိတာပဲ...Gegeပဲ ပြောတယ်လေ... သားတို့ ၂ယောက်ကို တယောက်စီ ခွဲနေရမယ်ဆိုပြီး"

ရိပေါ် ပြောတာလည်း ဟုတ်သည်။ ရွှယ်ယန်နဲ့ ရိပေါ်က တစောင်းစေးနဲ့ မျက်ချေးတောင် အရှုံးပေးရမည်။ ၂ယောက်များ အတူထားမိပြီဆို ကော်ဖီကအစ သူ့ကော်ဖီငါ့ကော်ဖီ စငဖြင့် သေးသေးမွှားမွှား ကအစ ရန်ဖြစ်ကြသည် ။ ဒါကြောင့် ဒီ၂ယောက်ကို သူ့မျက်စိအောက်မှာပဲ တူတူထားရဲတာဖြစ်သည်။ ဒါတောင် သူလစ်ရင်လစ်သလို ရန်ကထဖြစ်ကြသေး...

XZ>>"မလိုချင်ဘူးသွားအခု!...ငါ့ကိုအေးဆေး ပေးအိပ်စမ်းပါ...မဟုတ်ရင် ငါမင်းလစာကို ​​​ဖြတ်ပစ်မှာနော်"

Yb>>"Gegeရာ...သားကို အိမ်ပေါ်တင်ကျွေးချင်လို့ ဉာဏ်ဆင်နေတာမလား..မလိုပါဘူး သားကရှာကျွေးမှာကို...ဒါမဲ့ရပါတယ် အာ့လိုဆိုလည်း လစာတင် မကဘူး...Gegeဖြတ်ချင်ရာဖြတ်..ကိုကိုသာ သားကို လင်မှတ်မှတ် သားမှတ်မှတ်နဲ့ အိမ်ပေါ်တင်ရင် ရပြီ"

XZ>>"ဒီငါ...🙂"

Xiao Zhan အနားက ခေါင်းအုံးနဲ့ဆွဲပေါက်တော့မှ ထွက်ပြေးတော့သည်။ ဒါတောင် ပြေးရင်းအော်သွားသေးတာ..

"အိမ်ပေါ်တက်လာရမယ့်နေ့ကို ကြိုသတိပေးအုံးနော်...ပြင်ဆင်စရာပြင်ထားရအောင်တဲ့ "

💚❤
                                                                                                                                               
                                                                                                                                                         
                                                                           

မူပိုင်ရှင် Where stories live. Discover now