{Unicode Version}
နှင်းတွေကျနေတဲ့ ပေကျင်းမြို့ရဲ့ ဒီဇင်ဘာည။
ရှောင်းကျန့်ဟာ၀မ်ရီပေါ်ကိုကောင်းကောင်းအနိုင်ကျင့်ပြီးနောက်
မှာတော့ အိပ်ပျော်သွားပါတော့တယ် ရီပေါ်လည်းပင်ပန်းလို့
ရှောင်းကျန့်ရင်ခွင်ထဲတိုး၀င်အိပ်လိုက်တော့တယ်.......................
၁၃ရာစု...
ကြီးမားထယ်ဝါလှတဲ့ အခမ်းအနားအပြင်အဆင်ဟာ
အနီရောင်လွှမ်းနေတယ်။ ရဲရဲတောက်နေတဲ့ မဂ်လာပွဲ
အခမ်းအနား ။ သူနဲ့တော့မသက်ဆိုင်ခဲ့ပါ။ချစ်ရသူရဲ့မဂ်လာပွဲကို သူက ချောင်လေးတစ်နေရာကနေ
ကြည့်နေဖို့သာ တက်နိုင်သည်။
၀မ်အိမ်တော်က တတိယမြောက်သမီးနဲ့ အာဏာကြီးပါတယ်
ဆိုတဲ့ရှောင်းအိမ်တော်ရဲ့ သားအကြီးရှောင်းကျန့်တို့ရဲ့မဂ်လာ
ပွဲကို၀မ်ရိပေါ်ဆိုတဲ့ကောင်လေးဟာ မဂ်လာပွဲကိုတက်ရောက်ခွင့်
တောင်မရဘူး။ ၀မ်အိမ်တော်ရဲ့သားပဲလေ ဘာကြောင့်တက်
ခွင့်မရတာလဲ စတဲ့မေးခွန်းပေါင်းများစွာရှိနိုင်ပါတယ်။၀မ်ရိပေါ်ဟာ ၀မ်အိမ်တော်ရဲ့ နောက်ဆုံးသား။ အငယ်ဆုံး
သား။ ၀မ်သခင်ကြီးမှာ ချစ်ရတဲ့ကိုယ်လုပ်တော်တစ်ယောက်
ရှိတယ်။ ၀မ်သခင်ကြီးဟာ သူ့အသက်ငယ်စဉ်ကတည်းကမိ
ဘလက်ဆက်ပေးတဲ့သူနဲ့သာလက်ထက်ခဲ့ရပြီး သားသမီးသုံး
ယောက်ထွန်းကားခဲ့တယ်။ ပထမသမီး ဒုတိသမီးနဲ့ တတိယ
သမီး။ မချစ်ပဲလက်ထက်ထားတဲ့ ၀မ်သခင်ကြီးဟာနောက်ဆုံး
မှာတော့ ကုန်သည်မလေးတစ်ယောက်နဲ့ချစ်ကြိုးသွယ်လို့
တရား၀င်ဇနီးမမြှောက်နိုင်တော့ ကိုယ်လုပ်တော်အဖြစ်သာ
တင်မြှောက်လိုက်ရတယ်။ ၀မ်သခင်မကြီးကလည်း သဘော
ထားပြည့်သူ ပီပီ ယောက်ျားဖြစ်သူရဲ့လုပ်ရပ်တွေကို မတားမြစ်
ခဲ့ပါ။