"မင်္ဂလာပါ အန်ကယ်"
"အေး ဂျောင်ကု သမီးကပြင်နေတာ မပြီးသေးဘူးကွယ့် ထိုင်စောင့်ဦး"
"ဟုတ်ကဲ့ဗျ"
ဂျောင်ကုထုံးစံအတိုင်း ဂျွန့်ကိုကျောင်းပို့ဖို့လုပ်ငန်းလေးအတွက် လာခေါ်ခြင်းပေါ့။ယောက္ခထီးကြီးကထိုင်စောင့်ခိုင်းလို့ ဧည့်ခန်းထဲကဆိုဖာပေါ်တွင် ထိုင်ကာစောင့်နေလိုက်သည်။
"ဘယ်လိုလဲ သမီးလေးက ဆိုးတယ်မလား"
"အဲ့လောက်ကြီးလည်း မဆိုးပါဘူးဗျ စွာတာလေးဘဲရှိတယ် ဟဲဟဲ"
"ဟားဟား အခုမှအစရှိသေးတယ်ကွ သမီးက လွယ်လွယ်နဲ့တော့ လက်ခံမယ့်သူမဟုတ်ဘူး သူက သူ့အမေနဲ့တူတာ အန်ကယ့်တုန်းကလည်း အဲ့လိုဘဲ ကြိုးစားပေါ့ကွာ"
"ဟုတ်ကဲ့ အန်ကယ် အစွမ်းကုန်ကြိုးစားပါ့မယ်"
ဂျောင်ကုတို့အိမ်ကရော မတော်ရသေးတဲ့ ယောက်ဖနှစ်ယောက်နဲ့ ယောက္ခထီးကြီးကပါ သူ့ဘက်တွင်ရှိနေပေမယ့် သူချစ်တဲ့သူတစ်ယောက်သာ သူ့ဘက်မှာမရှိတာပေါ့။အဲ့အတွက်လည်း ကြိုးစားရဦးမယ်။တွဲခဲ့ဖူးတဲ့သူတွေ ၁ယောက်၂ယောက်ရှိပေမယ့် ရွယ်တူတွေသာဖြစ်ခဲ့လို့ အခုမှ ကလေးတစ်ယောက်ကိုချစ်ရတဲ့ ဂျောင်ကုအတွက်တော့ အစွမ်းကုန်ကြိုးစားရမယ့်အလုပ်ပါပဲ။
"သမီးလေးသာ မမေ့သွားဘူးဆို မင်းကိုလက်ခံမှာ"
"ကျတော်နားလည်ပါတယ် ကံကြမ္မာက ဖန်တီးပေးတယ်လို့ဘဲ မှတ်ရမှာပေါ့ အန်ကယ်"
ဂျွန်တို့မောင်နှမသုံးယောက်နဲ့ ကျွန်တော်က ငယ်ငယ်ကတည်းက ခင်ကြတာ။ကျွန်တော် အလယ်တန်းနှစ်ရောက်တော့ ဖေဖေက အလုပ်ကိစ္စနဲ့နိုင်ငံခြားပြောင်းရမယ်ဆိုလို့ ကျွန်တော်တို့ နိုင်ငံခြားကိုပြောင်းရတယ်။ပြန်လာတော့ ကုမ္ပဏီက ပွဲတစ်ခုမှာ အရမ်းလှတဲ့ ကောင်မလေးတစ်ယောက်ကိုတွေ့တာမြင်မြင်ချင်း ချစ်မိသွားတာ ရင်ဘတ်ကြီးထဲက အကောင်ကလည်း တခြားတွဲခဲ့သမျှ ကောင်မလေးတွေနဲ့ ခုန်တုန်းကနဲ့မတူ။ဒီကောင်မလေးနဲ့တွေ့မှ ကျတော် နှလုံးသားကြီးကပိုခုန်သွားသလို~
ထိုကောင်မလေးကိုမေးကြည့်တော့ အန်ကယ့်Parkရဲ့သမီးတဲ့ဗျာ။ဒါဆို ကျတော့်ကို မှတ်မိလားဆိုတော့ မမှတ်မိဘူးတဲ့ အခုမှ တွေ့ဖူးတာတဲ့
ပြီးမှ YoonGi hyungကိုမေးမှ ကျတော်နိုင်ငံခြားကိုပြောင်းသွားတဲ့နှစ်မှ ဂျွန်က ဖျားတာ အဖျားကြီးပြီးဆေးရုံတက်ခဲ့ရပြီး ၁ပတ်လောက် သတိမေ့နေတဲ့အထိပဲတဲ့ နောက်တော့ မိသားစုကလွဲပြီး ဘယ်သူ့ကိုမှ မမှတ်မိတော့ဘူးတဲ့ဗျာ။
ESTÁS LEYENDO
Ko Ko Jung (ကိိုကိုဂျောင်) ||Completed||
FanficJungkook x Oc ပထမဆုံးရေးတဲ့ficလေးမို့ ပေါက်ကရတွေဖြစ်နိုင်ပါတယ်။