#Zawgyi code
"တရားခံပတ်ခ်ဂျီမင်းဟာ သေဆုံးသူကင်မ်ဂျယ်ဟွာကို ရည်ရွယ်ချက်ရှိရှိလုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ထင်ရှားတဲ့အတွက် ထောင်ဒဏ်ဆယ်နှစ်ချမှတ်စေ။ ချွင်းချက်အနေနဲ့ တရားခံပတ်ခ်ဂျီမင်းဟာ အသက်မပြည့်သေးတဲ့ကျောင်းသားတစ်ဦးဖြစ်တဲ့အတွက် ဆိုးလ်မြို့ရှိ လူငယ်ထိန်းသိမ်းရေးဗဟိုစခန်းနဲ့ ထောင်ဒဏ်သက်တမ်းကို ကုန်ဆုံးစေ။"
တရားရုံးတော်အတွင်း၌ ထွက်ပေါ်လာသော တရားသူကြီး၏အမိန့်စကားအဆုံး၌ ဂျီမင်း၏မျက်ဝန်းမှ မျက်ရည်များစီးကျသွားခဲ့သည်။
ရက်ပေါင်းများစွာကုန်ဆုံးခဲ့ရသော အမှုကြားနာခြင်းပြီးဆုံးသွားသည့်နောက် တရားရုံးတော်အတွင်း၌ လူများသည်လည်း တစ်စတစ်စထွက်ခွာသွားကြလေပြီ။
တဖြည်းဖြည်းနည်းပါးလာသော လူများနှင့် ဆိတ်ငြိမ်သွားသော တရားရုံးအတွင်းတွင် ဂျီမင်းထံမှရှိုက်သံသဲ့သဲ့လေးသာ ထွက်ပေါ်နေလျက်ရှိသည်။
ထိုစဉ် ဂျီမင်းရှိရာထိုင်ခုံနားသို့ တလှမ်းချင်းနီးကပ်လာသော ဖိနပ်သံလေးတစ်ခု။
ငိုရှိုက်နေသော သူ့အနားသို့ နီးကပ်လာသည့် ခြေသံကို ကြားနေရသော်ငြား ထိုသူဟာ မည်သူမည်ဝါဖြစ်မှန်း ဂျီမင်းမော့မကြည့်မိချေ။ ပတ်ခ်ဂျီမင်းဆိုသောသူသည် ထိုလူသားနှင့် ပတ်သတ်ပြီး အသေးအမွှားလေးကအစ မှတ်မိနေမြဲပင်။
"နောက်ဆုံးအနေနဲ့ ပြောချင်တာရှိလား"
နားထဲသို့ ဝင်ရောက်လာသော သြရှရှအသံကြောင့် ဂျီမင်း၏ရင်ထဲ၌ ဆစ်ကနဲနာကျင်သွားရသည်။ စိတ်ရှိတိုင်းသာဆို၊ ထိုလူသား၏ရင်ခွင်ထဲပြေးခိုချင်မိတာဖြစ်ပေမယ့် ယခုမှာတော့ သူဟာ ထိုလူသား၏အစ်ကိုဖြစ်သူကို သတ်ဖြတ်ခဲ့သောတရားခံတစ်ဦးအဖြစ် တည်ရှိနေရသည်မဟုတ်ပါလား။
သူ့အား မုန်းတီးမှုအပြည့်နှင့် ကြည့်နေမည့် စူးရဲသောမျက်ဝန်းတစ်စုံနှင့် ရင်မဆိုင်ဝံ့သောကြောင့် ဂျီမင်းခေါင်းကိုသာငုံ့ထားမိသည်။
သို့သော် စိတ်ထဲမှ ဖြစ်တည်လာသော နောက်ဆုံးဆန္ဒလေးတစ်ခုကြောင့် အမြဲကိုယ့်နှင့်မကွာဘဲ ဆောင်ယူထားမြဲဖြစ်သည့် တစ်စုံတစ်ခုအား အိတ်ကပ်လေးထဲမှထုတ်ပေးလိုက်မိသည်။
YOU ARE READING
SMERALDO (The Truth Untold )
Fanfiction***မင်းသိရဲ့လား ထယ်ယောင်း....Smeraldoရဲ့ အဓိပ္ပါယ်က The Truth Untoldတဲ့။ ငါ့မှာလည်း မင်းကို မပြောပြဖြစ်လိုက်တဲ့ အမှန်တရားတွေရှိတယ်။ မင်းကို တသက်လုံးပြောခွင့်မရနိုင်မယ့် အမှန်တရားတွေပေါ့** ***မင်းသိရဲ့လား ထယ်ယောင်း....Smeraldoရဲ့ အဓိပ္ပါယ်က The Truth...