(Zawgyi)🍀🍀🍀🍀🍀
Part-29
(ကိုယ်...ချစ်သော clover..!!..)ဟင်းချက်ပစ္စည်းများ အစုံအလင်ပြင်ဆင်ထား
သော မီးဖိုချောင် တစ်ခုထဲတွင် လင်းနေနှင့်
ဦးလင်းမောင်တို့ သားအဖသည် ဟင်းပွဲများ
ပြင်ဆင်ရင်း အလုပ်များနေ လေသည်။စားဖိုမှူးလုပ်မည်ဟု အမြဲပြောလေ့ရှိသော
လင်းနေက အစားမက်သလို အချက်ပြုတ်လဲ
ဝါသနာပါ သည်။ ဟင်းပွဲများကို မကြာခဏ စမ်းသပ်လေ့ရှိကာ ထို အချိန်တိုင်း ဖေဖေ
ဦးလင်းမောင်နှင့် ဒီရေလှိုင်းက ပင်တိုင် မြည်းစမ်းပေးရသည်။ထူးခြားကောင်းမွန်သော အရသာများကို
ခံစားရသော အခါများရှိသလို ဆေးရုံရောက်
သွားသော အခါများ လည်းရှိသည်။ သေချာ
စီစစ်ကာ စာရင်းကောက်ရပါက ဆေးရုံ ရောက်သွားသောအခါများက ပိုများသည်။
အကျိုးရလဒ် အနေဖြင့် ဒီရေလှိုင်းနှင့်
ဦးလင်းမောင်သည် တော်ရုံတန်ရုံ
အစာအဆိပ်သင့်ခြင်းများကို ခံနိုင်ရည်ရှိ
လာလေသည်..။ဤသည်မှာ လွန်ခဲ့သောနှစ်ပိုင်းများက
ကြုံတွေ့ခဲ့ရသော သင်ခန်းစာများဖြစ်ကာ
ယခုတော့ လင်းနေ၏ ဟင်းချက်စွမ်းရည်မှာ တိုးတက်လာပြီဖြစ်သည်။လင်းနေ အသီးအရွက်များကို ညီညာသော
အတုံးလေးများဖြစ်အောင် မြန်မြန်ဆန်ဆန်
လှီးဖြတ်လိုက်ပြီး အရောင်စုံအသီးအရွက်လေး
များဖြင့် အစိမ်းကြော်ကို ခပ်မြန်မြန်လေး
ကြော်လိုက်သည်။ပန်းကန်လှလှတစ်ချပ်ထဲတွင်ပြင်ဆင်ပြီး
နောက် လင်းနေ ကျေနပ်စွာပြုံးလိုက်သည်။
ဖေဖေဦးလင်းမောင် ချက်ထားသော ဆိတ်သားဆီပြန်လေးနှင့် အရည်သောက်လေး
တစ်ခွက်၊ ထို့ပြင် လင်းနေကြော်ထားသော
အစိမ်းကြော်လေးတစ်ပွဲအပါအဝင် အခြားအရံ
ဟင်းများကို စားပွဲပေါ်တွင် ပြင်ဆင်လိုက်သည်။
ထို့နောက် ဖွယ်ဖွယ်ရာရာဖြင့် ထမင်းဝိုင်းလေး
စတင်ရန် အဆင်သင့်ဖြစ်နေလေပြီ..။လင်းနေ ဖေဖေဦးလင်းမောင် ကိုကြည့်လိုက်
တော့ ထမင်းစားပြီးလျှင် စားရန်အတွက် သစ်သီးအချို့ကိုစိတ်ကာ ရေခဲသေတ္တာထဲ
ထည့်နေသည်။ လင်းသားအဖသည် ပြင်ဆင်
ခြင်းကို ခပ်မြန်မြန်ပင် လက်စသတ်လိုက်
ကြသည်။
YOU ARE READING
Clover your'e my clover[Completed]
RomanceWhat is love? It's clover.... Clover.... Small leaf,but Its own me~ ...................🍀................ အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀 အချစ်ကဘာလဲမေးရင် clover လို့ဘဲ ရိုးရှင်းစွာ ဖြေပါရစေ..။🍀