(Unicode)
သူ့ကိုစိုက်ကြည့်နေသော ငါးမန်းကြောင့် ထယ်ယောင်းလဲ မကူးခတ်ပဲ ရပ်တန့်နေမိသည်။
ဘာလုပ်ရမလဲဟု သူတွေဝေနေတုန်းမှာပင် အရှိန်ဖြင့်ကူးခတ်လာသော ငါးမန်းကြီး....။
"အား!!!!!!"
ထယ်ယောင်း အော်လိုက်ကာ အမြန်ကူးပေသော်လည်း ဟိုငါးမန်းကြီးက သူ့ဆီကိုနီးကပ်လာပြီ။အရှေ့ကိုလဲကူး အနောက်ကိုလဲအကြည့်မပြတ်ပဲ ဖြစ်နေတာကြောင့် ထယ်ယောင်း အရှေ့ကိုမကြည့်မိ။
"အ့!"
နစ်မြှုပ်ထားသော သင်္ဘောဟောင်းရဲ့ သစ်သားချွန်ဖြင့်အမြှီးစပ်ကို ထိုးမိသွားတာကြောင့် ထယ်ယောင်း သွေးတွေ ယိုစီးကျလာသည်။သွေးနံ့က ထိုငါးမန်းကို စိတ်ရိုင်းပိုကြွပေးလိုက်သလိုဖြစ်သွားသည်။ခုနကထက် ပို၍ပင် အရှိန်မြန်လာတာကြောင့် ထယ်ယောင်းလွတ်အောင်ပြေးသော်လည်း အမြှီးကဒဏ်ရာကြောင့် သိပ်မလှုပ်ရှားနိုင်။
"အ့"
သူ့အနားကိုရောက်လာတော့မည့် ငါးမန်းကြောင့် ထယ်ယောင်းမျက်လုံးမှိတ်လိုက်ချလိုက်သည်။
တောင်းပန်ပါတယ် ခမည်းတော်..။
"အ့"
ဆွဲသွင်းခံလိုက်ရပြီးနောက် ထယ်ယောင်း တစ်ကိုယ်လုံးအဖက်ခံလိုက်ရသလို ခံစားချက်ကြီးဖြစ်လာ၏..။လုံခြုံသွားသလိုခံစားချက်ကြောင့်သူ့မျက်လုံးဖွင့်ကြည့်လိုက်ကာ ဘေးနားပတ်ပတ်လည်လည်ကိုကြည့်မိတော့ သင်္ဘောဟောင်းကြီးလိုပုံစံရသည်။သူ့ခါးကိုဖက်ထားသလိုခံစားချက်ကြောင့် သူမော့ကြည့်လိုက်တော့ အမှောင်ထဲမှာတောက်ပနေသော နက်ပြာရောင်မျက်လုံးများကို အမှတ်တမဲ့ တွေ့လိုက်ရသည်...။
ညို့ငင်သောနေသော ထိုမျက်ဝန်းကြောင့်ထယ်ယောင်း မျောပါနေမိသလို...။
အဆက်မပြတ်ခုန်နေသော ရင်ဘက်ကလဲ ခုနက ငါးမန်းကြောင့် ကြောက်စိတ်များလား..။!ဒုန်း!!!!
!ဒုန်း!!!
အပြင်ဘက်က တွန်းတိုက်မှုကြောင့် ထယ်ယောင်းထိုမျက်လုံးညို့မှ လွတ်လာပြီး ကြောက်စိတ်ပြန်ဝင်လာခဲ့သည်။