part-1

6K 423 18
                                    

အရှင့်သားထံပါး
အပိုင်း-1

"တွေ့ပြီဟေ့ ‌ဆရာရေ တွေ့ပြီ"

မြေတူးလတ်စအလုပ်သမားများဆီမှ အော်သံ တစ်ချို့ကို ရှေ့ဟောင်းသုတေသီ ဖြစ်သည့် ဒေါက်တာ ရှိင်းဟန် နားစွင့်လိုက်သည်။ထိုအတူ လက်ထဲကကြည့်နေသော မြေပုံအား အခေါက်လိုက် သိမ်းကာ ထူးဆွထားသည့် မြေကြီးများအနား လျှောက်သွားလေသည်။

"ဘာတွေ့လဲ အကိုတို့"

"‌အခေါင်းလို့ပြောရမလား မသိဘူးဆရာ ‌ေသတ္တာတစ်ခုခုဘဲ"

"ဟုတ်လား !ကောင်းပြီဗျာ အပေါ်ဆွဲတင်လိုက်ရအောင်လေ ကျွန်တော်ဘာကူပေးရမလဲ"

"ရတယ်ဆရာ အဲ့နားကသာဖယ်ပေး ထိမှာစိုးလို့"

"ဟုတ် ဟုတ်"

ပြောပြီးသည်နှင့် အနောက် ခပ်လှမ်းလှမ်းမှာ ရပ်လိုက်သည်။ထိုအတူ မြေကြီးပေါ်ကို ဖြေညင်းစွာချလိုက်သော ကျွန်းသေတ္တာတစ်ခု ။

"ကဲ ပင်ပန်းသွားပြီ အကိုတို့ သွားနားချေ တခြားသူကိုဘဲ ကင်းတဲ ထဲထည့်ခိုင်းလိုက်မယ်"

ရှိင်းဟန်သည်မျက်မှန်ကို အသာပင့်တင့်ပြီး အပြုံးချိုချိုဖြင့် မြေတူးအလုပ်သမားများအား အနားယူရန်ပြောလေသည်။

"ဟုတ် ဟုတ် ဆရာ ပြီးရင်ဘာလဲဆိုတာ ကျုပ်တို့ကိုပြောပြအုံးနော်"

"ဟုတ်ပါပြီဗျာ"

မြေတူးအလုပ်သမားများမှာ နယ်ကလူများဖြစ်၍ သဘောရိုးကြသလို ပွင့်ပွင့်လင်းလင်းသိချင်တာကိုမေးတက်ကြသည်။

ထိုကဲ့သို့ စကားဆိုပြီးသည်နှင့် ခြေလှမ်းကျဲ ကျဲဖြင့် ကင်းတဲ ထဲကိုဝင်သွားလေရာကင်းတဲ ထဲတွင်ရောက်နှငိ့ပြီးသော သူငယ်ချင်းမိန်းကလေး ယွန်းမီမီသော်သည် ရှိင်းဟန်၏နားသယ်စပ်တွင်စီးကျနေသော ချွေးအားသုတ်ရန် မျက်နှာသုတ်ပဝါအားကမ်းပေးလေသည်။

"ကျေးဇူး မီသော်"

"အေး ရတယ် ဒါနဲ့ ဖွင့်ဖို့ လူနဲ့ ကင်မရာသမားခေါ်ထားလား"

ချွေးသုတ်နေသောရှိင်းဟန်အား မီသော်သည် အသံခပ်တိုးတိုးဖြင့်မေးလိုက်သည်။

You've reached the end of published parts.

⏰ Last updated: May 14, 2023 ⏰

Add this story to your Library to get notified about new parts!

အရှင့်သား ထံပါး (အရွင့္သား ထံပါး){Complete}Where stories live. Discover now