Begin (prologue)

1.5K 108 11
                                    

"ဒါမင်းရဲ့ခွေးလေးလား?...။

"အာ...Nae ကျေးဇူးပါရှင့်"။
"ဒါနဲ့ဒီက"...။

"Jeon Jungkookပါ"...ဘေးအိမ်ကိုမနေ့ကပြောင်းလာတာ

ယုန်သွားလေးတွေပေါ်အောင်ပြုံးပြပြီး
Hoodie အဖြူလေးဝတ်ထားတဲ့ကောင်လေး

"အာ...အိမ်နီးချင်းတွေပေါ့"
သူမကကောင်လေးတွေနဲ့စကားမပြောဖူးရဲ့
နေရာခက်စွာမျက်နှာလွဲလိုက်သည်။

"Nae"....။

ပတ်ဝန်းကျင်မှာနေရောင်ခြည်နွေးနွေးလေးများကျရောက်နေသည်။

အဝါရောင်သစ်ရွက်ခြောက်များ
အနားတစ်ဝိုက်တွင်​ကြွေကျနေသည်။

သူမရဲ့ခွေးလေးကသူ့မ၏​ခြေထောက်အောက်တွင်လာပွတ်သပ်နေသည်။

သူမနဲ့သူကတစ်ပေအကွာတွင်
မျက်နှာချင်းဆိုင်...။

သူမမျက်နှာလွဲထားသည့်တိုင်အောင်သူ
သူမကိုစိုက်ကြည့်နေသည်ဆိုတာသိသည်။

သူမသူ့ဖက်ကိုမျက်နှာလှည့်လိုက်တော့ သူ့ရဲ့နူးနူးညံညံအကြည့်နဲ့လာဆုံသည်။

(ဘာလို့ဒီလိုကြီးလာကြည့်နေရတာတုန်း)

အယောင်ယောင်အမှားမှားနဲ့မျက်နှာလွဲကာ

"ကျွန်မသွား-သွားတော့မယ်နော်"
Jeon...Jeon...အာ Jungkook shii"

​မြန်မြန်လှည့်ထွက်လာခဲ့တော့...။

သူဆီကခိကနဲရီသံထွက်လာသည်။

"ရှက်လိုက်တာဟာ"

ဟိတ်ကောင်မလေး...ခွေးကျန်ခဲ့ပြီ

သေလိုက်ပါတော့ဟာ😑...နင်ဘာဖြစ်နေတာတုန်း

သူ့မသူဆီပြန်လျှောက်သွားကာခွေးကိုကောက်ပွေ့ပြီး သွားကိုအစွမ်းကုန်ဖြီးကာ

"ဟီးးးးး...သွားလိုက်ပါအုန်းမယ်"

"နေအုံးလေ...ကိုယ့်နာမည်ကတော့မေးပြီး
မင်းနာမည်ကိုမပြောပြတာမတရားဘူးမှတ်လား"...။

"Nae?Kim Boraပါ..."

ဖြေပြီးတာနဲ့သူမသူ့ဆီကထွက်လာခဲ့သည်။

Kim Boraဆိုသည်မှာလည်းတစ်ခုခုမ
ဖြစ်လိုက်ရရင်မပြီးဘူး...ငါလည်းဘယ်တော့မှ
တည်ငြိမ်မလဲ။
ဟူးးးးး...။

|| 𝑳𝒐𝒗𝒆 𝑴𝒂𝒛𝒆 || JJK [ very slow update ]Where stories live. Discover now