နောက်တစ်နေ့တွင်Jenသြဇီသွားဖို့ပြင်ရတော့သည်။Jen ခေါင်းမာစွာဖြင့် မသွားနိုင်ဟု တင်းခံထားသော်လည်း ထိုမနက်၌ပင် ကလေးကို မိဘမဲ့ကျောင်းသွားပို့လိုက်သည်မို့ အတော်ပင်တုန်လှုပ်သွားသည်။Jenသာ ဆက်တင်းခံနေလျှင်Ellaလေး မိဘမဲ့ကျောင်းရောက်တော့မည်ဖြစ်၍ လက်ခံလိုက်ရလေသည်။ Jenခေါင်းမာခြင်းနှင့် စုန်းမ ခေါင်းမာခြင်း အားပြိုင်ရာ၌ငယ်ရွယ်သောJenကပင် လက်မြောက်လိုက်ရသည်။
"ကျောင်းပြီးတဲ့အထိနေနော်!Jen ငါဘာသံမှမကြားချင်ဘူး" Jisooစကားကို အဖက်မလုပ်ပဲ မနက်ဖန်လေယာဥ်တွင်ဝတ်ရမည့်အဝတ်အစားများကို စိတ်တိုင်းကျရွေးနေလိုက်သည်။Ellaလေးနှင့်အတူနေချင်ကာမှ ခွဲခွာရသောခံစားချက်၊မိဘတို့ခေါင်းချရာနိုင်ငံကို စွန့်ခွာရတော့မည့်ခံစားချက်၊ မိမိနှင့်တစ်စက်မှမရင်းနှီးပါသော နိုင်ငံရပ်ခြားသို့ မသွားချင်ပဲသွားရသော ခံစားချက်တို့ကြောင့် Jenသည်ဝမ်းနည်းစိတ်တို့ဖြင့် ငိုချလိုက်မိသည်။JisooကJenငိုသံကြားတော့ စိတ်မကောင်း။မတတ်နိုင်ဘူးလေ နောင်တစ်ချိန် အတွက် သူမဘေးမှာEllaရှိမှဖြစ်မှာလေ။Jen၏အားနည်းချက်သည်Ellaမို့။Ellaသည် အရွယ်တစ်ခုအထိ သူမဘက်မှရပ်တည်ပေးနိုင်ရမည်။Jen
နှင့်အနေများသွားလျှင် Ellaလည်း သူမကိုသစ္စာဖောက်ဖို့ (သို့တည်းမဟုတ်) ကလဲစားချေရန်အတွက်
ကြိုးပမ်းလာမည်ကိုစိုးရိမ်မိသောJisooအတွက်Jenကို
နိုင်ငံခြားသို့ ပို့လိုက်သည်က အကောင်းဆုံး လုပ်ဆောင်ခြင်းပင်။"သူ့Appaနဲ့Ommaကို သွားကန်တော့ဖြစ်အောင် သတိပေးလိုက်ပါ Hanbin! သွားချင်တယ်ဆိုရင် မင်းလိုက်ပို့လိုက်"
"ဟုတ်.မမလေး"Jisooကလေးကိုပိုက်ကာ အခန်းထဲသို့ပြန်ဝင်လာလိုက်သည်။အိပ်ပျော်နေသောEllaကို ကုတင်ပေါ် ဖွဖွလေးလှဲသိပ်လိုက်သည်။ပြီးနောက် အလုပ်စားပွဲသို့ပြန်လာကာJenတက်မည့်ကျောင်းကိုအသေးစိတ်ကြည့်ရှုလိုက်သည်။ Jenနေမည့်အဆောင်။Jenတက်ရမည့်အခန်းစသည်တို့ကို စေ့စုံအောင်ကြည့်လျက် Jenကိုစောင့်ကြည့်ရန် လူနှစ်ယောက်နှင့် အခြားသော အရေးကြီးသည်များကို ဖုန်းနှင့်ညွှန်ကြားလိုက်သည်။ အစီအစဥ်တကျဖြစ်သွားပီဆိုမှ
မီးခံသေတ္တာကိုဖွင့်လိုက်ပီး ငွေသား အချို့ကို Jenသုံးစွဲရန် ထည့်ပေးဖို့ပြင်လိုက်သည်။ အောက်ထပ်ဆင်းလာတော့Jenကိုမတွေ့။
YOU ARE READING
My mom lover is my sister
Fantasyအိပ်မက်တို့က လှပသလောက် လက်တွေ့တည်ရှိမှုက အကျည်းတန်နေသလို ဘယ့်နှယ်... ကိုယ့်မွေးစားသမီးကိုမှ အပိုင်လိုချင်တယ်တဲ့လား