(Unicode)
အမုန်းဆုံး အတ္တလန်တစ် ဖြစ်သော်လည်း ထိုအတ္တလန်တစ်ရေသူ ကင်မ်ထယ်ယောင်းဆိုသော ကောင်လေးကိုတော့ သူဘာကြောင့် အိမ်အထိလိုက်ပို့ပေးခဲ့မိမှန်းစဥ်းစားလို့မရနိုင်ချေ..။
ပြီးပြီးရော မင်းပြန်လို့ဆိုကာ လွှတ်လိုက်ချင်ပေမဲ့ သူကိုယ်တိုင်တောင်မသိပဲ အဝင် ဝထိ လိုက်ပို့ပေးခဲ့တာ..။
နောက်တော့ ထိုရေသူထီးလေး ကျေးဇူးတင်စကားကို လှည့်တောင်မကြည့်ပဲ ပြန်လာခဲ့ပေမဲ့ နောက်ဆံတင်း သော ရင်ထဲက စို့တစ်တစ်ခံစားချက်ကတော့ မပျောက်သေး..။သူ့ရဲ့ ကျက်စားရာပြန်လာချိန်မှာတော့ ရေမှော်ပြာနားမှာ ကျကျန်ခဲ့သောကျောက်စိမ်း ပုတီးလက်ကောက်..ဟိုရေသူထီးဟာပဲ ဖြစ်မည်။
အရင်တိုင်းလို နေကာ ငါးတွေကိုဖမ်းစား ရေမှော်တွေစား လျှောက်ကူးခတ်နေသော်လည်း စိတ်ထဲတနုပ်နုပ်ဖြင့် တွေးမိနေသော ထိုကောင်လေးအကြောင်း..။
မနေနိုင်တော့တာမို့ပုတီးယူကာ အတ္တလန်တစ် တိုင်းပြည်ထဲကိုခိုးဝင်ကာ ထိုရေသူလေးကိုရှာရင်း နန်းတော်နား ကိုမသိလိုက်ပဲရောက်သွားခဲ့သည်..။
စိတ်လျော့ကာ လှည့်ပြန်မယ်ဆိုမှ နန်းတော်စောင့် ရေဘီလူးနဲ့တိုးပြီး အခုတော့ ခိုးဝင်သူ အဖြစ် ဖမ်းချုပ်ထားခံရသည်။ဒါ ဟိုရေသူထီးကြောင့်..။
စီရင်ချက်ချလျှင် သူ့ဘဝဆုံးဖို့ကလမ်းများတာမို့ စိတ်ထဲကနေ ကင်မ်ထယ်ယောင်းကို နှုတ်ဆက်နေလိုက်သည်။
ဒါပေမဲ့ ကမာခွံပေါ်မှာအပြာရောင် အမြှီးတစ်ယမ်းယမ်းဖြင့် ထိုင်နေသော ထိုရေသူကိုတွေ့တော့ မှ မင်းသားငယ်မှန်းလိုက်သည်။
ဂျွန်ဂျောင်ကုရယ် မင်းဘဝကလဲ တွေ့ဆုံမဲ့တွေ့ဆုံသူက အမုန်းဆုံးတိုင်ပြည်ရဲ့ မင်းသားငယ်ဖြစ်နေပါလား..။
သူ့ကိုမြင်တော့ အံ့ဩသွားသော မင်းသားငယ်...။
"အသင်ငါးမန်းစပ် မျိုးနွယ်က ဘာကြောင့် အတ္တလန်တစ်နဲ့ နန်းတော်ထဲခိုးဝင်ခဲ့တာလဲ"
"တစ်စုံတစ်ယောက်ကို လာရှာပါ"
ထိုတစ်စုံတစ်ယောက်က ဘယ်သူလဲဆိုတာတော့ သူမပြောဖြစ်ပါ..။