Poliana က Sir Howe ကို မေးလိုက်သည်.
"အမ်.. မင်း အခွင့်အရေးအကြီးကြီးတစ်ခု ဆုံးရှုံးလိုက်ရတယ်လို့ မထင်ဘူးလား?"
"တောင်ပိုင်းမှာ အခွင့်အရေးအသစ်တွေ အများကြီး ရှိလာမှာပဲလေ. ပြီးတော့ ကျွန်တော် Sir Ainno လက်ကနေ မြန်မြန်လွတ်ချင်နေပြီ"
Sir Howe နဲ့ သူငယ်ချင်းကောင်းတွေဖြစ်လာတဲ့ Sir Mahogal ကတော့ သူ့သူငယ်ချင်းထွက်သွားမှာကို သိရင် အရမ်းဝမ်းနည်းနေတော့မှာပဲလို့ Poliana ကထင်လိုက်သည်.
"မင်းတို့အားလုံး တောင်ပိုင်းကိုသွားကြမယ်ဆိုတော့ Donau ရော သွားမှာလား?"
"ဒါပေါ့. ကျွန်တော်တို့မိဘတွေအကုန်သွားမှာဆိုတော့ သူ မသွားလို့ဘယ်ရမလဲ?"
Poliana က ဒါကို မျှော်လင့်ထားပြီးသားဖြစ်သည်. သူမ စိတ်ပျက်ဝမ်းနည်းနေပေမဲ့ သူမလုပ်နိုင်တာ ဘာမှ မရှိပေ. သူမအမူအရာက စိတ်ပျက်သွားတဲ့ပုံပေါ်လာတော့ Sir Howe က သူမ ပခုံးကိုရိုက်ကာ ပြန်ပြောလာသည်.
"အရမ်းလဲဝမ်းမနည်းနေပါနဲ့ ကျွန်တော်တို့ကို သတိရဖို့ အချိန်မရှိလောက်အောင် အစ်မ အလုပ်များနေမှာ"
သူပြောတာ မှန်ကန်သည်. Sir Jainno ရဲ့ လူတွေက Sir Jainno ဒါမှမဟုတ် Sir Wook က တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့ခေါင်းဆောင်အသစ်ဖြစ်လာဖို့ မျှော်လင့်ခဲ့ကြသည်. Poliana ရောက်လာတဲ့အခါ ဆန့်ကျင်မဲ့သူတွေ ပေါ်လာနိုင်သည်.အမျိုးသမီးစစ်သည်တစ်ယောက်? သူတို့လို သန်မာတဲ့ယောက်ျားတွေက ဘယ်လိုလုပ် သာမာန်မိန်းမတစ်ယောက်ရဲ့ ဦးဆောင်မှုနောက်ကို လိုက်ရမှာလဲ?
Poliana အပေါ်သစ္စာရှိစွာ အမှုထမ်းခဲ့ကြတဲ့ သူမလူတွေက ရဲတိုက်အစောင့်တွေရဲ့ စော်ကားပြောဆိုမှုကြောင့် ဒေါသထွက်လာကြသည်.
"ငါတို့ Sir Pol က ဘာဖြစ်နေလို့လဲ? သူမက မင်းတို့ခေါင်းဆောင် Sir Jainno ထက် အများကြီးကောင်းတယ်!"ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ သူတို့က ကိုယ်ထိလက်ရောက်တိုက်ခိုက်ကြတာမျိုးမရှိသေးပေမဲ့ သူတို့အချင်းချင်း ခဏခဏစကားများနေကြတာကို Poliana တွေ့နေရသည်. သူမက ဒီလူတွေ အကုန်လုံးကို တတ်နိုင်သမျှ အမြန်ဆုံး ထိန်းချုပ်ဖို့ လိုအပ်သည်. ဒါပေမဲ့ သူမက တခြားကိစ္စတွေနဲ့ ပတ်သက်ပြီး အလုပ်များနေသည်. Sir Jainno ကလဲ Poliana နဲ့ပတ်သက်ပြီးတော့ စောဒကတက်စရာတွေ ရှိနေပေမဲ့ သူတို့အလုပ်တွေပြီးဖို့ လိုတာကြောင့် သူက တိတ်ဆိတ်နေသည်. Sir Jainno အမြဲတမ်း လုပ်နေတာကတော့ သူမဝတ်စုံမှာတပ်ထားတဲ့ ရွှေကြိုးကို စိုက်ကြည့်နေတာပဲဖြစ်သည်.
YOU ARE READING
Emperor and the Knightness (Unicode) Book - 1
Roman d'amourRead Complete Novel in English at https://wuxiaworld.site/novel/the-emperor-and-the-knightess/ and ongoing Manga at https://zinmanga.com/manga/emperor-and-the-female-knight-the-king-and-his-knight/