ဂျွန်မအိပ်သေးဘဲ မနက်ဖြန်ဘာလုပ်ရမလဲဆိုတာ စဉ်းစားနေမိသည်။
"နေဦး! ငါက ကိုလေးကိုခေါ်သွားမှာလေ တော်ကြာကိုလေးပါတယ်ဆိုပြီး မသွားတော့ရင်ဘယ်လိုလုပ်မလဲ မဖြစ်သေးပါဘူး အဲ့လူကြီးကိုလာမခေါ်ဖို့ပြောမှ...ပြောမှဆို သူ့ဖုန်းနံပါတ်မှငါမသိတာ ဘယ်လိုသွားပြောမလဲ ကျစ်!!"
ဂျွန် စဉ်းစားနေတုန်း ဖုန်းဝင်လာသည်။
"ဟယ်လို"
'ဟယ်လို ဂျွန်လား'
"ဟုတ်ပါတယ် ဘယ်သူလဲမသိဘူးနော်"
'ကိုယ်ပါ ဂျောင်ကု ဂျွန်ဂျောင်ကု'
တယ်လီပသီတွေမိနေလို့ပါလား ဒီလူကြီးနဲ့ကိုယ်က။အတော်ပဲပေါ့။
"အော်...နေပါဦး ဂျွန့်ဖုန်းနံပါတ်ဘယ်လိုသိလဲ"
'YoonGi hyungဆီက တောင်းထားတာလေ'
"အော်...ဒါနဲ့ ပြောစရာရှိတယ် ဦးလေးကြီးရဲ့
ဖုန်းနံပါတ်မသိလို့ ခုဆက်လာတော့အတော်ဘဲ
ဖြစ်သွားတာပေါ့"'ဘာပြောမလို့လဲ ပြောလေ'
"ဟိုဟာ...မနက်ဖြန်လာမကြိုနဲ့ ဂျွန်ကိုယ့်ဟာကိုလာမယ်လေ ရတယ်မလားဟင်"
'အော်...အဲ့တာလား ရတယ်လေ ကိုယ်လည်း အဲ့တာပြောမလို့ လာမကြိုလည်းရလားလို့'
"ဒါဆို ဘယ်နားမှာတွေ့မလဲ"
'အန်ကယ်တို့ကုမ္ပဏီနားက ကော်ဖီဆိုင်မှာစောင့်နေလေ အဲ့ကနေမှအတူတူသွားကြတာပေါ့ အန်ကယ့် ကုမ္ပဏီမှာလည်း ဝင်ပေးစရာလေးရှိလို့'
"အင်း အင်း ဒါဆိုလည်းပြီးတာဘဲ"
'အွန်း... ဒါဆို ဂုနိုက်နော် ဂျွန်လေး အိပ်မက်လှလှမက်ပါစေ ကိုယ့်ကိုထည့်မက်ရင်ပိုကောင်းတာပေါ့'
"ဘာရယ်!!! ဖုန်းပြောတယ်ဆိုပြီးတော့ အထွန့်တက်မလာနဲ့"
'ချစ်တယ်နော်'
"ရူးနေလား ဒါဘဲ"
ဟုဆိုကာ ဖုန်းချသွားတဲ့ ဂျွန်
~~~
"ဟားဟား ဒီကောင်မလေး ရှက်သွားတာဘဲ ဟူး~တော်သေးတာပေါ့ထယ်ယောင်းကိုခေါ်ပြီးသွားကြိုရင် လိုက်မှာမဟုတ်ဘူးထင်လို့ဖုန်းဆက်လိုက်တာ လက်ခံလို့တော်သေးတယ်။ကြည့်ရတာ Jiminကိုပါ ခေါ်လာမယ်ထင်တယ်။ကိုယ်က
မင်းထက်အရင်မွေးတာပါဘေဘီရဲ့ မင်းဘာတွေကြံနေလဲဆိုတာ သိတာမို့ ဂုနိုက်ဘေဘီ sweet dream"
ESTÁS LEYENDO
Ko Ko Jung (ကိိုကိုဂျောင်) ||Completed||
FanficJungkook x Oc ပထမဆုံးရေးတဲ့ficလေးမို့ ပေါက်ကရတွေဖြစ်နိုင်ပါတယ်။