Grief-9

876 140 7
                                    


မျက်နှာတစ်ပြင်လုံး သွေးချင်းချင်းရဲနေပြီး ဒဏ်ရာများနဲ့ အတင်းဝင်လာတဲ့ ထယ်ယောင်းပုံစံကြောင့်...

'ထယ်ယောင်း...ဘယ်လိုဖြစ်လာတာလဲ...!!!'

'ဟင့်အင်း...ဘာမှမဖြစ်ဘူး...မင်းရော...ဂျီမင်း...
မင်း....ဘာမှမဖြစ်ဘူးမို့လား...ဟင်...'

ခေါင်းက အလျှံအပြည့်ထွက်ကျလာနေတဲ့ သွေးတွေ
ကိုမှ ဂရုမမူဘဲ ဘာမှမခံစားရသလို အကြည့်တွေက
ငါ့ကို စိတ်ပူနေပေးသေးတာလား...?
ကိုယ့်အတွက်ကိုယ်မကြည့်ဘဲ ဂယောင်ကတမ်း
သူ့ကိုသာ စိတ်ပူပေးနေတဲ့ ဒဏ်ရာအပြည့်နှင့်
ထယ်ယောင်းအား သူအားမရမှုနှင့် အော်လိုက်မိ၏။

'ယားး...ထယ်ယောင်း...ငါကအကောင်းကြီး...
မင်း ဘာဖြစ်လာတာလဲ...သွေးတွေလဲအများကြီး...
အဟင့်...ငါ့ကို ကြည့်ဦး...မင်း ဘာဖြစ်လာတာလဲလို့...'

မြင်တွေ့နေကျမဟုတ်တဲ့ ထယ်ယောင်း၏ဒီပုံစံက
သူ့အား သွေးပျက်အားလျော့စေတာမို့ စို့နင့်မှုနှင့်
အတူ လူက ငိုသံပါ ပါလာခဲ့သည် ။
စိတ်မတင်မကျနှင့် ဖုန်းခေါ်ပြီး ပြန်ချမိသော
ကိုယ့်ကိုကိုယ်လည်း အပြစ်တင်မိလိုက်သေးသည် ။

ကိုယ်ဘာမှမဖြစ်ဘူးလို့ ဆိုလိုက်ကာမှ စိတ်လျှော့သွား
ဟန် သက်ပြင်းချကာ ကိုယ့်အား ကြုံးဖက်လာသည် ။

'ဟို...ဒီက ဧည့်သည်က...စာရင်းထဲမပါဘဲ...အတင်းဝင်လာတာနဲ့...ကျွန်တော်တို့က...'

ခုနက အပေါက်ဝမှာ တွေ့ခဲ့သည့် အစောင့်တွေထဲမှ
တစ်ယောက်က ဝင်ပြောသည် ။သူပြောချင်တာက...
သူတို့လုပ်တာပေါ့ ။ထယ်ယောင်းကို ဒီလိုဖြစ်အောင်
သူတို့ လုပ်လိုက်တာပေါ့ ဟုတ်လား...?

'ဒီလောက်ထိ...လုပ်ရသလား...ဟမ်!!...
ဒီလိုမျိုးလေး...ဝင်ဖို့လုပ်မိတာကို...ဒီလောက်ထိ...'

အကောင်ကြီးပြီး ဘယ်လောက်ကြောက်ဖို့ကောင်း
တယ် ဘာညာဂရုမစိုက်တော့ဘဲ ထယ်ယောင်းဆိုတဲ့
စိတ်နဲ့ ဇောကပ်ကာ ထိုသူတွေကို ဂျီမင်း
အော်ပြီး ရန်ရှာနေမိသည် ။ဒီအချိန် ဂျောင်ကုတို့
ရှိနေတာလဲ မေ့ထားပြီး ချက်ချင်းဒေါသအတိ
ပြောင်းလဲသွားတဲ့ ဂျီမင်းအဖြစ်အား ကျန်သူတို့မှာ
ကြောင်ကြည့်နေရုံမှတစ်ပါး မတတ်နိုင်ခဲ့...

Grief(Completed)Where stories live. Discover now