သခင်🔥
_______"ရွှမ်း.."
" အ..."
"Daddy..!! "
"Ray မင်းဖယ်စမ်း! "
"မဖယ်ဘူး..ဘာလို့ Dad က Light ကိုမှနှိပ်စက်ချင်ရတာလဲ? Dad ရဲ့ Customer တွေကိုထိုးကျွေးရအောင် Light က ရောင်းကုန်မဟုတ်ဘူး.."
သောမက်စ် က တစ်ဟက်ဟက်ရယ်ရင်း လက်မှာကိုင်ထားသော ကြာပွတ်ကိုစားပွဲပေါ်ပစ်တင်လိုက်ကာ..
"သူ့ကို 0 လုပ်ခိုင်းတာမဟုတ်ဘူး..1 အနေနဲ့ အဲ့ဒီသူဌေးသားလေးကို ကောင်းကင်ဘုံရောက်အောင် ပြုစုပေးခိုင်းတာ..၊ ငါသူ့ကို ကျွေးမွေးလာတာ..ဒီလောက်ကတော့ ပြန်ရသင့်တယ်မဟုတ်လား? "
ဘယ်ဘက်နားက ဝင်လာသောစကားလုံးကို ရှောင်းကျန့်မှာ ညာဘက်နားကပြန်ထုတ်ပစ်လိုက်တယ်..။ Ray ရောက်တာမြန်လို့ပဲ မဟုတ်ရင် သူသေလောက်အောင် အရိုက်ခံရတော့မှာ..
"ဘာ့မှလာမပြောနဲ့..Dad သွားတော့.."
အပြောနဲ့တင်မဟုတ်..အဖေဖြစ်သူကိုခန္ဓာကိုယ်ကြီးကို မိမိအခန်းထဲက တွန်းထုတ်နေသော Ray ကြောင့် ရှောင်းကျန့်မျက်နှာက ပြုံးယောင်းသမ်းသည်..။ သို့ပေမဲ့..
"အေ..ဒီနေ့တော့ ကံကောင်းသွားတယ်မှတ်..Ray က မင်းဘေးနားမှာ အမြဲရှိမနေနိုင်ဘူးနော်..Light မင်းသတိထားပြီးတော့နေ.."
"Dad သွားတော့လို့ ပြောနေတယ်လေ..အလကားခြိမ်းခြောက်မနေနဲ့..Light အနားမှာ ကျွန်တော်အမြဲတမ်းရှိနေမှာ.."
ထိုစကားဟာ..ခြိမ်းခြောက်စကားမဟုတ်မှန်းရှောင်းကျန့်သိနေသည်..။ ဒါက သူအရွယ်ရောက်လာတာနဲ့ လုပ်ရမယ့်အလုပ်တစ်ခုဆိုတာ..သိပေမယ့်လည်း..
"Light မင်းဒဏ်ရာတွေကို ငါ ဆေးထည့်ပေးမယ်နော်..၊ ဘာ့မှစိတ်ထဲမထားနဲ့ မင်းကိုငါ ကာကွယ်ပေးမှာ.."
လက်မောင်းနဲ့ရင်ဘတ်က အရှိုးရာများကိုကြည့်ရင်း နဂိုဖြူဖျော့သော Ray မျက်နှာကပို၍အခြေအနေ ဆိုးလာသည်..။ အကျီကြယ်သီးတွေကိုဖြုတ်ပြီး သူ့ ဒဏ်ရာကိုအရက်ပြန်ထည့်ပေးလာတော့..
"အ...! "
" မင်းကလဲ မနာဘူးလို့တွေးလေ.."
"Yeti ကလဲ နာတာကိုမနာဘူးလို့ ဘယ်လိုတွေးရမှာလဲ? မင်းအဖေလက်ဆ ဘယ်လောက်ပြင်းမှန်း မင်းမှမသိတာ..အ..ကျစ်! "
ESTÁS LEYENDO
သခင်...🔥[[ COMPLETED ]]✔
Fanfic## ZSWW ## Fan fic --------Zhanyi team🔞 [[ Unicode + Zawgyi ]] Kid သာ သခင်ဆို...ဘဝအဆက်ဆက် ဒီကောင်က အစေခံဖြစ်ပါရစေ..။ [[ Fan fic တစ်ခုမျှသာ မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်စေလိုခြင်းမရှိ]] #Ownstory #Sanaymoeswe