သခင်🔥
----------ခေါင်းထဲ တစ်ဒိတ်ဒိတ်သွေးတိုးနေသံက နှလုံးခုန်သံထက်တောင် မြန်သေးသည်..။ ကျစ် ခနဲ စုပ်သတ်ရင်းမျက်လုံးကို အားယူဖွင့်ကြည့်တော့ မိုးပြာရောင်မျက်နှာကြက်နဲ့ အဖြူရောင် ခန်းစီးလိုက်ကာစများ..
" တိတိ..အခန်းမဟုတ်လား? "
ကုတင်အောက်ကိုကြည့်လိုက်ခါမှ မျက်ဝန်းတို့က ဆတ်ခနဲတွန့်ကျိုးသွားသည်..။ မနေ့က သူမူးမူးရူးရူးနဲ့ တိတိဆီကိုရောက်လာသည်..။ နောက်ပြီးဘာဆက်ဖြစ်လဲမသိတော့..
ဖူးယောင်နေသော မျက်နှာ..၊အကျည်းတန်လွန်းသော ဒဏ်ရာတို့နဲ့ထိုလူသားက တိတိတစ်ကိုယ်လုံးကို နစ်မြုပ်နေအောင်ဖိဖက်ထားကာ နှစ်ယောက်လုံးကလဲ နှစ်နှစ်ခြိုက်ခြိုက်ကိုအိပ်ပျော်လို့..။
နားထဲမဖိတ်ခေါ်ပဲ ဝင်လာသော စကားသံတစ်ချို့က ရှိုက်သံစွက်ကာနှင့်..
**ရှောင်းကျန့် က ကောနဲ့တူလို့ဝယ်လာတာ..သေချာကြည့်လေ မတူဘူးလားလို့..**
** သူ့မှာ ကောလိုမှဲ့လေးလဲပါတယ်..၊ ညာဘက်နဲ့ဘယ်ဘက်ပဲကွဲတာ..**
** အတောင်စုံတော့ အိမ်ထောင်ပြုတော့မယ်ပေါ့လေ.. အဟက် အဲ့ဒီအိမ်ထောင်ဖက်ဟာ ကျွန်တော်ပဲဖြစ်ရမှာ..မဟုတ်ဘူးလား? "
** ဘယ်သူက..ကောရဲ့ညီလဲ ကျွန်တော်တို့က ဘာ့မှမတော်တာ သိရက်သားနဲ့..**
** ဝူချန်ကော ဟာ ကျွန်တော့်အပိုင်ပဲ ငယ်ငယ်ကရော..အခုအချိန်မှာရော တသက်လုံးအတွက် ဝမ်ရိပေါ် တစ်ယောက်တည်းပိုင်တာ**
**ကောလက်ထပ်မယ့် သူကဘယ်သူလဲ? သူ့ကိုကျွန်တော်တွေ့ချင်တယ်..ဝမ်ရိပေါ်ထက်ဘာများသာမလဲလို့...အဟက် **
အတွေးတွေကြောင့် ခေါင်းကပိုနောက်လာသည်..။ ကုတင်ပေါ်က ခြေဖော့နင်းကာ အခန်းထဲက ထွက်လာလိုက်တယ်..။
ဒီအချိန်မှာ တိတိကိုရင်ဆိုင်ရမှာသူကြောက်သည်..။ ဘာကိစ္စပဲဖြစ်ဖြစ် တိတိလေးကို အလျော့ပေးနိုင်ပေမယ့် ဒီတစ်ခါကတော့မရဘူး..။ ဒါကိုရူးကြောင်ကြောင်နဲ့ ယောကျာ်းတစ်ယောက်ကို ဝယ်လာတာက မိုက်မဲလွန်းသည်..။ တိတိ ကိုမချစ်ပေမယ့် မိမိမျက်စိအောက်မှာ ကြီးပြင်းလာသောကောင်လေးကို အခြေအမြစ်မရှိတဲ့ ပိုင်လုံးကောင်နဲ့မဖြစ်စေလို..။
ESTÁS LEYENDO
သခင်...🔥[[ COMPLETED ]]✔
Fanfic## ZSWW ## Fan fic --------Zhanyi team🔞 [[ Unicode + Zawgyi ]] Kid သာ သခင်ဆို...ဘဝအဆက်ဆက် ဒီကောင်က အစေခံဖြစ်ပါရစေ..။ [[ Fan fic တစ်ခုမျှသာ မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်စေလိုခြင်းမရှိ]] #Ownstory #Sanaymoeswe