Chapter (18)

5.2K 447 12
                                    

သခင်🔥
---------

"My Son...ဒါက ဘာသဘောလဲ?.. "

အခန်းတံခါးဖွင့်သံနှင့်အတူ သောမတ်အသံက ကျယ်ကျယ်လောင်လောင်ပဲ ထွက်လာခဲ့သည်..။ Ray က ဆေးလိပ်တိုကို လက်ကြားညှပ်ပြီး မော့ကြည့်လာကာ..

"ဘာ တုန်း Dad ရဲ့..၊ ကျွန်တော့်ကိုကြည့်ပြီး စိတ်ပျက်နေပြီလား? Dad ပြောသလိုပဲ Light ကိုခေါ်မလာနိုင်ခဲ့ဘူး.. ဝမ်ရိပေါ့်ရင်ခွင်မှာပဲ ထားခဲ့လိုက်ရတယ်.."

"အဲ့ဒါနဲ့ မင်းမူးယစ်ဆေးသုံးတာနဲ့ ဘာဆိုင်လို့လဲ? Dad က My son ကိုအခွင့်အရေးပေးပြီးသားနော်..ခုမှဘာထဖြစ်တာလဲ? "

အခန်းထောင့်မှာ ထိုင်နေတယ့် Ray ဟာ ယိုင်တိယိုင်တိုင်နဲ့ ထလာပြီး သောမက်စ်ရှေ့တွင် မတ်မတ်ရပ်ကာ..

"မနက်ဖြန်ကျွန်တော့်မွေးနေ့ရောက်ပြီလေ..အရင်ကလိုပဲ လိုချင်တာတောင်းလို့ရတယ်မလား? "

အကြောင်းအရာတွေက ဦးတည်ချက်ပြောင်းသွားသော်လည်း သောမက်စ်က မသိချင်ယောင်ဆောင်လိုက်ပြီး..

"ပြော..ဘာလိုချင်လဲ? "

"ဒီ Club ရဲ့ကြေးအမြင့်ဆုံးပျော်တော်ဆက် နေရာကိုလိုချင်တယ်..၊ အရင်က Light ရှိပေမယ့် ခုချိန်မှာ ဘယ်သူ့ကိုမှ အတည်အကျမထားရသေးဘူး မဟုတ်လား? ဒါကြောင့်..ခု-----အ.."

စကားသံတွေက တစ်ဝတ်တစ်ပြတ်နဲ့တိတိကျသွားသလို Ray မျက်နှာက တစ်ဖက်သို့စောင်းကျသွားသည်..။ သော့မတ်စ် အသံက သိသိသာသာပင် တုန်ယင်လျှက်ရှိပြီး..

" မင်းကိုငါ ဘာပြောထားလဲ? "

နှုတ်ခမ်းထောင့်စွန်းမှ သွေးစတို့ကိုသုတ်ရင်း Ray က တစ်လုံးချင်းပြန်ဖြေသည်..။သူ့အသံက နာကျင်မှုတွေစွန်းထင်းနေသလို..

" Ray ဆိုတဲ့ငါ့သားက အဖြူစင်ဆုံး အသန့်စင်ဆုံးနဲ့ကြီးပြင်းလာရမယ်တဲ့..အဟက်! Dad က အရမ်းယုတ်မာတာပဲ ကိုယ့်သားကျတော့ သန့်စင်စေချင်ပြီး သူများဘဝတွေကိုတော့ ညစ်ပတ်အောင်လုပ်ချင်တယ်ပေါ့ "

"ညစ်ပတ်အောင်လုပ်တယ်တဲ့လား? မင်းကသိပ်ကိုငယ်သေးတယ် My Son ၊ Dad Club ထဲမှာ သူတို့စိတ်ဆန္ဒမပါပဲ အတင်းအကျပ်ခေါ်ထားတယ့်သူဆိုတာမရှိဘူး.."

သခင်...🔥[[ COMPLETED ]]✔Where stories live. Discover now