Chapter (25)♥💚 Ending

8.7K 566 64
                                    

သခင်🔥
----------

နိုးနေတာ ကြာပြီဖြစ်သော်လည်း ရှောင်းကျန့်မှာ ကုတင်ပေါ်တွင် မလှုပ်မယှက်နဲ့ လဲလျောင်းလို့နေဆဲ..။ ရင်ခွင်ထဲက ကောင်ငယ်လေးမှာဖြင့် အပူအပင်ကင်းစွာနှင့် အိပ်မက်ချိုတွေတောင်မက်လို့..။

ခြေတွေ လက်တွေက ရှောင်းကျန့်ကိုယ်ပေါ်တွင် ရေဘဝဲတစ်ကောင်လို ကုပ်တွယ်လျက်ရှိပြီး..တစ်ချက် တစ်ချက် နှုတ်ခမ်းကထော်လာပြီး သွား​တွေကိုကြိတ်နေသေးသည်..။

Kid...
လွန်ခဲ့သော သုံးနှစ်က Accident ကြောင့်ဒီကောင်လေးမှာ သူ့ကြောင့်စိတ်ဒဏ်ရာရခဲ့သည်ထင်..။ ခေါင်းက ဒဏ်ရာကြောင့် နှစ်ပတ်နီးပါး သတိလစ်နေခဲ့သောသူ့ကို တငိုငို တရယ်ရယ်နဲ့ ဝမ်ရိပေါ်ဟူသော ကောင်လေးက ေန့ရော ညရောစောင့်ကြည့်နေခဲ့သည်တဲ့..။

ယုံပါသည်..။
သူသတိရရချင်း မြင်လိုက်ရတာက Kidရဲ့ မျက်တွင်းကျနေသော မျက်နှာလုံးလုံးနှင့် ဇယ်ဆက်သလို ပြောလာသော ဝါကျအချို့ကိုသာ..

"ကျန့်..*Sob..သတိရလာပြီလား? ငါ မင်း ကိုပြောမယ်နော်..သေချာနားထောင် ထပ်ပြီးသတိလစ်သွားလို့မဖြစ်ဘူး.."

ထိုအချိန် က ရှောင်းကျန့်မှာ သတိရရချင်း အာတွေခြောက်နေတာကြောင် စကားတောင်မပြောနိုင်ခဲ့..။ သို့ပေမယ်​့ မျက်ရည်အိသော မျက်ဝန်းများနှင့် ရုတ်တရတ်တွေ့ဆုံလိုက်ရသောအခါ ရင်တစ်ခုလုံးက တင်းကျပ်လာလာသလို သွေးခုန်နှုန်းကလည်း မမှန်ခဲ့ပေ..။ ရှိရင်းစွဲနာကျင်မှုတို့က တရိပ်ရိပ်တိုးလာကာ ကိုယ်တွင်းကလီစာများက ဆုပ်ညှစ်ခံရသလို ခံစားချက်က..ကူရာကယ်ရာမဲ့စွာနှင့်..

"အ..! .."

စက်ကြီးတွေက တဒီဒီနဲ့ အော်မြည်သံနှင့်အတူ ဆရာဝန်နဲ့ Nurse မများ အခန်းထဲသို့ဝင်ရောက်လာကြသည်..။ ကုတင်နားတွင် အရူးလိုတွယ်ကပ်နေသော ရိပေါ့်ကိုအဝေးသို့ တွန်းထုတ်ပစ်ကာ..

"ဒါက...ဘယ်လိုဖြစ်တာလဲ?.."

"Dr...ရုတ်တရတ် လေပြွန်ဆို့တာပါ.."

"ပန်ကရိယ...သွားထိလို့မဖြစ်ဘူး.."

"ဘယ်လိုဖြစ်တာလဲ ရုတ်တရတ်ကြီး သွေးခုန်နှုန်းတွေ___"

သခင်...🔥[[ COMPLETED ]]✔Tempat cerita menjadi hidup. Temukan sekarang