Chapter (4)🔞Zawgyi

2.2K 154 5
                                    

သခင်
---------

"ငါ့ခွင့်ပြုချက်မရပဲ ငါ့အသားကိုမထိရဘူးနော်ကြားလား? "

ဆိုင်ကယ်ဦးထုပ်ကိုဆောင်းရင်း ထိုသို့ရာဇသံပေးတော့ ရှောင်းကျန့်မှာအလိုက်တသိခေါင်းညိမ့်ရင်း..

"အင်း..ဒါနဲ့ ကျွန်တော်ဆိုင်ကယ်မောင်းရမှာလား? "

"ဒါပေါ့ ငါနောက်ကထိုင်စီးချင်လို့လား? အိပ်မက်တောင်မမက်နဲ့..ဝူချန်ကောပဲ ငါမောင်းတဲ့ ဆိုင်ကယ်ကိုစီးခွင့်ရှိတာ..ကိုယ့်အဆင့်ကိုယ်သိ.."

"ဟုတ်.."

ဆိုင်ကယ်နောက်ခုံက သိမ့်ခနဲတုန်သွားပြီး ပုခုံးပေါ်ရောက်လာတဲ့ လက်ချောင်းဖောင်းဖောင်းလေးတွေကြောင့် ရှောင်းကျန့်ရင်ထဲထိတ်ခနဲ..

"ဘယ်ကိုမောင်းရမလဲ? "

"ပေကျင်းတက္ကသိုလ်.."

"သခင် က Uni တတ်တုန်းလား? "

"အထက်တန်းကျတာ ငါးနှစ်ရှိပြီ.."

"အမ်! ဒါဆို ဘာလို့များ.."

"ဝူချန်းကောက ပေကျင်းတက္ကသိုလ်ဆရာတစ်ယောက် သူ့ကိုသွားကြည့်မလို့..ဒါနဲ့မင်းက စပ်စုလှချည်လား? ကိုယ့်အဆင့်ကိုယ်သိလို့ ငါမပြောထားဘူးလား.."

ဒေါသသံကြောင့် သိသိသာသာတုန်ယင်နေသောအသံလေးက..အဖျားသတ်တုန်ခါစွာ..။ ထိုသို့ဝဋ်ကြွေးကြီးသော သခင်ကို ေရှာင်းကျန့်မှာ ပါရမီဖြည့်ပေးရန် ဆိုင်ကယ်ကိုလီဗာဆွဲလိုက်ရင်း..

"သေချာကိုင်ထားပါ.. Ki~~~~~အဟမ်း..သခင်.."

"မလိုဘူး မောင်းမှာသာမောင်း.."

ဝူးခနဲဆောင့်ထွက်သော ဆိုင်ကယ်ကြောင့် ရီပေါ့်မှာ ရှောင်းကျန့်ကျောပြင်နဲ့ ပစ်တိုက်သွားပြီး အား..ခနဲအသံထွက်ကာ..ထိုသူ့လက်မောင်းကိုပါ ကိုက်ခဲပစ်လိုက်တယ်..။

" မှတ်ထား..မင်းတမင်လုပ်မှန်းငါသိတယ်.."

"ကျွန်တော်မရည်ရွယ်ဘူး.."

ရီပေါ်က ဟက်ခနဲရယ်ကာ..

"ငါက ရည်ရွယ်ပြီးတော့ကိုကိုက်တာ..မင်းပုခုံးမှာသွေးထွက်သွားပြီ..ကျေနပ်လား? "

သခင်...🔥[[ COMPLETED ]]✔Donde viven las historias. Descúbrelo ahora