ခါတိုင်းတွေထက်နည်းနည်းစောကာ နိုးသည့်မနက်ခင်းလေးတွင် ကိုယ်တိုင်လုပ်နေကျ
ရေချိုးသည့်လုပ်ငန်းကိုပြီးသည့်အခါ အိပ်ယာကိုလည်းသိမ်းထားလိုက်သည် ။
ထိုနောက် အဝတ်အစားလာလဲပေးမည့်
ကောင်ငယ်လေးအလာကို ကုတင်ပေါ်ထိုင်ရင်းသာ
စောင့်နေလိုက်သည် ။ စိတ်ရှည်စွာစောင့်လာရင်း
နာရီဝက်လောက်အကြာအထိ မျှော်သူလေးက
ပေါ်မလာသည်ကြောင့် နေများမကောင်းလို့ လားလို့တွေးထင်မိကာ အောက်ထပ်ကို အလျင်လိုစွာဆင်းလာခဲ့မိသည် ။" ဒေါ်တင်..... "
" ဟာ... ကိုကြီး... ဆင်းလာပြီလား
ဟုတ်သား... ခုနှစ်နာရီခွဲပြီပဲ
မိုင် မနက်စာလုပ်ရင်းအချိန်တွေတောင်
တော်တော်ကျော်သွားတာ "ခေါင်းဖြီးထားချင်းမရှိသေးပဲ အိပ်ယာကနေ ထလာသည့်ငှက်သိုက်လေးသဖွယ် ဖို့ဖို့ဖောင်းဖောင်းနှင့်မိုင်သည် apron ကို ဝတ်ထားကာလက်ထဲတွင်လည်း ဇွန်းတစ်ချောင်းကိုကိုင်ထားသည် ။
ကျွန်တော်ခေါ်သောဒေါ်တင်ကိုမတွေ့ရ ။" ကိုကြီးအဝတ်အစားမလဲရသေးဘူးပဲ
အခုပဲ မိုင်သွားထုတ်ပေးမယ်နော် "" ဒေါ်တင်ရော "
" ကြီးတင်ကခေါင်းနည်းနည်းကိုက်နေလို့ မထနိုင်ဘူး ကိုကြီး "
ဒါကြောင့် ဟိုပြေးရမလိုဒီပြေးရမလိုနဲ့
ကောင်ငယ်လေးအလုပ်ရှုပ်နေသည်ထင်ပါသည် ။
ဘာတွေချက်ပြုတ်နေလဲမသိရပေမယ့် အောက်ထပ်တစ်ခုလုံးမွှေးနေတာတော့အမှန်ပေ ။" မထုတ်နဲ့တော့
ကိုယ်အဆင်ပြေတာပဲဝတ်ခဲ့မယ် "" မိုင်နောက်ကျသွားလို့
ကိုကြီး...." အင်း နားလည်တယ် "
" ဒါဆို မိုင်မနက်စာအဆင်သင့် ပြင်ထားလိုက်မယ်နော် "
ခေါင်းလေးငြိမ့်ပြကာ ကိုကြီးအပေါ်ကို
ပြန်တက်သွားတော့မှ လုပ်လက်စ ခေါက်ဆွဲပြုတ်ကြော်လေးကိုဆက်သည် ။
အရင်တစ်ခေါက်ကလို အငေးလွန်ပြီး
ရေလုံပြုတ်မဟုတ်တော့ပါ ။ သေသေချာချာ
လေးပြုတ်ကာ အနည်းငယ်ခြောက်အောင်
ပြန်ကြော်ပြီး ကြက်ဥကြော်နှင့်အချဉ်လေးကိုပါ
ပြင်ဆင်ထားပေးသည် ။ ကျွန်တော် ကျွမ်းကျင်သောဒီမနက်စာလေးကို ငရုတ်သီးထောင်းလိုမျိုး ကိုကြီးနှစ်သက်ဖို့
ရင်ခုန်ရပါဦးမည် ။