(Unicode)
"ဂျောင်ကု ကအဲ့ လူသားမိန်းကလေးကို ဘယ်တုန်းကကြိုက်သွားတာလဲ"
"ဂျောင်ကု ကဘယ်အချိန်တွေလာကြည့်တာလဲ"
"ကျွန်တော်ညနေတိုင်းလိုလိုလာကြည့်တာ မတွေ့ပါဘူး"
အိမ်ပြန်လမ်းမှာ မမောပမ်းပဲတတွတ်တွတ် ရွတ်နေသော ထိုရေသူထီးလေး။ကူးခတ်ရတာမမောပဲ ဒင်းလေးစကားတွေနားထောင်ရတာ သူ့အစားပိုမောလှသည်။
"အေး အေး မနက်ပိုင်းလာကြည့်တာ"
"ဪ ဂျောင်ကုသိလား အဲ့လူသားမိန်းကလေးနဲ့ ဟိုလူကြီးကရည်းစားတွေဆိုတာလေ"
ပြီးပြတ်အောင်ပြောလိုက်သော်လည်း ထပ်မေးလာသော အမေးတွေ..။
သူပြန်ဖြေရန်လုပ်ပေမဲ့ အဝေးတစ်နေရာကကြားလိုက်ရသော အသံယဲ့ယဲ့....။
ဟိန်းဟောက်သံလိုလို အသံကြောင့် သူတို့နဲ့ မလှမ်းမကမ်းမှာ ငါးမန်းတစ်ကောင်ဖြစ်ရင်မဖြစ် အမျိုးယုတ် အလက်ထရစ် အီးလ်(Electric Eel) တွေဖြစ်နိုင်သည်။နှစ်ကောင်လုံးကရေသူမျိုးနွယ်ရဲ့ ရန်သူတွေမလို့ သူ့ဘေးနားကရေသူထီးအတွက်တော့ အန္တာရယ်ပင်...။
"ဂျောင်ကု ဂျောင်ကု ဂျောင်ကု--"
"ရှုး တိုးတိုးနေ-"
ဂျောင်ကု နှုတ်ခမ်းပေါ်လက်တင်ကာ ပြောလိုက်တော့ ထယ်ယောင်း ကြောင်တောင်တောင် ယောင်တောင်တောင်ဖြင့် လိုက်လုပ်သည်။
"ဘာဖြစ်လို့လဲ"
"တိုးတိုးနေ"
တဖြေးဖြေး နီးကပ်လာသော အသံတွေကြောင့် နီးရာ ကျောက်ဂူထဲကို ထိုရေသူထီးလက်ကိုဆွဲကာ ဝင်ပုန်းနေလိုက်သည်။သူတစ်ယောက်ထဲသာဆိုရင် ထိပ်တိုက်ချလို့ပေမဲ့ ထိုရေသူထီး လေးကပါတော့လုံးဝမဖြစ်။
သူ့ကိုကာကွယ်ပေးရမည်မဟုတ်လား.....။ကာကွယ်ပေးရမည်...။
ထိုအတွေးကြောင့် သူပြုံးမိလိုက်သည်..။
ထိုရေသူထီးလေးက ဘာမှမတောင်းဆိုပဲနဲ့တောင် ကာကွယ်ပေးချင်နေမိတာ..။
အမုန်းဆုံးတိုင်းပြည်ရဲ့မင်းသားငယ်ဖြစ်နေတာတောင် သူ့မှာ မေတ္တာပိုချင်နေမိတာ..။