Chapter 1 - Unicode

2.1K 52 7
                                    

" ကြင်ယာတော်ကို နန်းတော်ပြင်ပကနေ ပြန်လည်ခေါ်ဆောင်လာပြီလို့ ဧကရာဇ်ကို လျှောက်တင်ပေးပါ"

စစ်သူကြီး၏ စကားကြောင့် အထိန်းတော်ကြီး၀မ်းမြောက်သွားကာ ဘုရင်နန်းဆောင်ထဲ ကုံးကုံးနဲ့ ခေါင်းပင် မောမကြည့်နိုင် ခပ်သုတ်သုတ်လျှောက်သွားလိုက်သည်။

ဘုရင့်ရှေ့မှောက်တော် ရောက်သောအခါမှ ခန္တာကိုယ်တစ်ခုလုံး မြေပြင်၌ ဝှပ်တွားခဲ့၏။

အပျိုတော်တွေ ဌဲ့ပေးသည့် အရက်ကိုသောက်နေသော ဘုရင်က သူ့ရှေ့မှောက်တော်၌ ခစားလာတဲ့
အထိန်းတော်ကို မြင်လေတော့ ယိုင်နှဲ့သော ကိုယ်ဖြင့် ပုလ္လင်ကနေ ဆင်းလာခဲ့စဥ်

" ကြင်ယာတော်ကို ပြန်လည်ခေါ်ဆောင်လာကြောင်းပါ အရှင်"

" ငါ့ရှေ့တော်ကို ခေါ်ဆောင်ခဲ့ "

" မှန်လှပါ အရှင် "

စစ်သူကြီး နောက်ပါးမှ ရဲမက်နှစ်ဦးက ကြင်ယာတော်၏ လက်မောင်းတစ်ဖက်စီကို ထိန်းကိုင်ကာ ခေါ်ဆောင်လာပြီး ဘုရင်၏ ရှေ့မှောက်ဋ္ဌ် ခစားစေ၏။

မကြာသေးမှီမှ နန်းတော်ပြင်ပသို့ ရောက်ရှိသွားသော ကြင်ယာတော်မှာ သူလွတ်မြောက်မည်ဟု တွေးထင်ထားပေမဲ့ ယခုဘုရင်ရှေ့ ပြန်ရောက်လာသည်မို့ ကြောက်ရွံတုန်လူပ်နေရ၏။

မကြာပါ သူ့ကိုကူညီပေးခဲ့သည့် အပျိုတော်များကို ရဲမက်များခေါ်ဆောင်လာသည် ကို မြင်တွေ့လိုက်ရသည်နှင့် မျက်၀န်းများမှ မျက်ရည်စများ တစ်စို့လာခဲ့ပြီး လက်ချောင်းများလည်း သိသိသာသာ တုန်ယင်လာတော့သည်။

သူထွက်လာခဲ့တာ တစ်မနက်ခင်းတောင် မပြည့်သေး တစ်ကိုယ်လုံးဒဏ်ရာများနှင့် အပျိုတော်များကို မြင်သည်ကြောင့် သူ့ကြောင့်ဆိုသည့်အတွေးများနှင့် နာကျင်မိသည်။

ဘုရင့်ရှေ့မှောက်တော် ရောက်တာတောင် ဘုရင်ဖြစ်သည့် သူ့ဆီ အကြည့်တစ်ချက် မရောက်လာသည့် သူ၏ကြင်ယာတော်ကြောင့် တစ်မနက်ခင်းလုံး မကြည်လင်သည့်စိတ်မှာ တစ်ဆ တစ်ဆပြင်းထန်လာခဲ့၏။

အနီးနားမှာရပ်နေသော စစ်သူကြီးကိုင်ဆောင်ထားသည့် ဓားကို ဘုရင်ဖြစ်သူက ဆွဲထုတ်လိုက်စဉ် မျက်စီတစ်မှိတ်အတွင်း ကြင်ယာတော်ကြည့်နေသည့် အပျိုတော်သုံးဦးထံမှ သွေးများမြင်မကောင်းလောက်အောင် ၀တျရုံတောျကို စွန်းထင်းသွားသည်။

ငယ်လေး ( complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ