အပိုင်း 20

1.5K 79 0
                                    

တဖက်မှာလည်း ခနဲ့မေမေနဲ့ကြားပြသနာတွေကမအေးနိုင်
အရင်တည်းက တဇွတ်ထိုး လုပ်တတ်တဲ့ ခ ကြောင့်လည်း  ခအမေမှာ စိတ်ပူနေရသည်

အခန်းထဲကိုပြန်ဝင်လာပြီး လိုအပ်တာတွေထည့်ကာ အိတ်တလုံး ယူပြီး အပြင်ကိုထွက်လာခဲ့သည် အောက်ဆင်းလာတော့ မေမေကိုတွေ့လိုက်ရသည် ဒီပုံတိုင်းဆို မေမေကသွားခွင့်ပြုမှာမဟုတ်ဘူးဆိုတာသိသည်

ဒါပေမဲ့မတတ်နိုင်ဘူး မေမေကိုဆန့်ကျင်ဖို့သာရှိသည်
'မေမေ့ထက်သား မောင့်ကိုရွေးတာမဟုတ်ပါဘူး မေမေ
မောင့်ကိုပြန်ခေါ်လာပြီး မေမေရယ် သားရယ် မောင်ရယ် သုံးယောက်တူတူနေရဖို့အတွက် မေမေသားကို ခဏလောက်သွားခွင့်ပြုပါ သားမောင့်ကိုရှာပြီးပြန်လာခဲ့ပါ့မယ် '

မေမေကိုကျော်ပြီးအပြင်ကိုသွားဖို့ခြေလှမ်းတွေပြင်လိုက်စဥ်
"ဘယ်ကိုလဲ ခ "
" သားသူရကိုသွားရှာမလို့"
"အိမ်ထဲပြန်ဝင် "
အပြင်ကိုခြေထောက်ကဆက်မလှမ်းတော့ပေမဲ့ အိမ်ထဲကိုလည်းပြန်မဝင် ဒီတိုင်းသာရပ်နေလိုက်သည်
"ငါပြောနေတယ်နော် ခ အခုပြန်ဝင်လိုက် "

"မေမေ "
"လုပ်ချင်တာဆက်လုပ်နေမယ်ဆို နင့်အကောင်အတွက်ငါအာမခံနိုင်ဘူးနော် "
ထိုသို့ပြောလိုက်မှ ခ နောက်ကိုပြန်လှည်ကြည့်လာသည် မေမေ့အနေနဲ့ဆို သူရကို တခုခုလုပ်လိုက်ရင်ဘယ်သူ့မှသိလိုက်မှာမဟုတ်ဘူး အနည်းဆုံးတော့အဝေးကနေပဲဖြစ်ဖြစ် သူရ ကိုကာကွယ်ရမယ်

"မေမေ သူရကိုတော့ဘာမှမလုပ်ပါနဲ့ သားတောင်းပန်ပါတယ်"
"သူ့ကိုမထိခိုက်စေချင်ရင်ငါ့စကားနားထောင်လိုက် ခ ငါစကားတွေအများကြီးမပြောချင်ဘူး "

မတတ်နိုင်တဲ့အဆုံးမောင့်ကိုအထိခိုက်လည်းမခံနိုင်တာကြောင့် ခ မေမေစကားကိုသားနားထောင်ခဲ့ရပြီး အိမ်ထဲပြန်ဝင်ခဲ့ရသည်
.......
"နိုးပြီလား"
နိုးနိုးချင်းပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အိပ်နေကျနေရာမဟုတ်တာကြောင့် ပြန်စဥ်းစားကြည့်တော့မနေ့ကဖြစ်ခဲ့တဲ့အကြောင်း
တွေပြန်သတိရလာတယ်

အိပ်နေရာကနေရုတ်တရက်ထထိုင်လိုက်တောင် ခေါင်းတွေတစ်ဆစ်ထိုးကိုက်လာသည်

ကျွန်တော်ချစ်သောမောင့်ကမ္ဘာWhere stories live. Discover now