( AN / ဒီ One shot လေးကိုဖတ်မယ်ဆိုရင် Tori kelly ရဲ့ Paper Heart လေးကိုနားထောင်ရင်းဖတ်ပေးပါနော် )
တက္ကသိုလ်ဝင်းအတွင်းမှာ လူတွေအားလုံးလှုပ်လှုပ်ရှားရှားတက်တက်ကြွကြွရယ် ။ ဘဝရဲ့ပျော်စရာအမှတ်တရလေးတွေ အများဆုံး စုဆောင်းမိတဲ့အချိန်ဟာ တက္ကသိုလ်ကျောင်းသူကျောင်းသားဘဝပါ လို့ဆိုရင်ဘယ်သူငြင်းမလဲ ။ မျှော်လင့်ခြင်းတွေ ပျော်ရွှင်ခြင်းတွေ အိမ်မက်တွေကို လွယ်အိတ်ထဲထည့်လွယ်ပြီးဘဝရဲ့ အနုပျိုအလန်းဆန်းဆုံးအချိန်တွေပေါ့ ။
ထုံးစံအတိုင်း ကန်တင်းထဲမှာလူအရင်စု ၊ ဘဝရေးရာ ၊ နှလုံးသားရေးရာ အဖြာဖြာကို တစ်ယောက်တစ်ပေါက်အငြင်းပွားရင်း စကားနိုင်လုရင်းနဲ့မှ ကိုယ်တက်ရမယ့်အခန်းဆီရွေ့ကြတဲ့သူတွေပါ ။
" ငါ့မျက်စိထဲမှာ မိန်းကလေးတိုင်းက သူ့နည်းသူဟန်နဲ့လှနေတော့ ဘယ်သူ့ကိုရွေးကြိုက်ရမှန်းမသိဘူးကွာ ၊
ဒီတစ်ယောက်ကိုရွေးလိုက်မိရင် ဟိုတစ်ယောက်ကိုလည်း အားနာနေရအုံးမယ် "ထယ်ဟျွန်းက မျက်နှာစပ်ဖြီးဖြီး တင်စီးတဲ့လေသံနဲ့ပြောလာတော့
သူတို့အားလုံးရဲ့မျက်စောင်းတွေက ဒိုင်းကနဲ ထယ်ဟျွန်း ဆီစိုက်ဝင်ကုန်တယ် ။" ဟေ့ကောင်ရာ မင်းမျက်နှာ မင်းပြန်ကြည့်ပါအုံး၊ ငါသာဆိုရင် အလကားပေးရင်တောင် မင်းလိုကောင်မျိုးကို မယူဘူး ၊ အားမနာလျှာမကျိုး ကောင်မလေးတွေက မင်းရွေးမှာစိုးလို့ ပြေးနေကြတာ ဟားဟား "
ဂျွန် ကမဲ့ကာ ရွဲ့ကာနဲ့ဆိုတော့
ထယ်ဟျွန်းကခြေထောက်နဲ့လှမ်းကန်တယ် ။ ဂျီမင်း ရဲ့မျက်လုံးလေးတွေကတော့ မလှမ်းမကန်က ခုံတန်းလေးပေါ်မှာထိုင်နေတဲ့ ကောင်လေးတစ်ယောက်ဆီ အမှတ်မထင်ရောက်သွားပြီးမှ မျက်လုံးတွေချက်ချင်းပြန်မလွဲနိုင်ဖြစ်သွားရတယ် ။ကောင်လေး အမ် ကောင်လေးဆိုတာထက် သူ့ထက်တော့ကြီးတာသေချာတယ် ။ အဲ့တော့ အကိုပေါ့ အကို့ကိုကြည့်ရတာ ထူးဆန်းသလိုဘဲ ။ ဘာထူးဆန်းမှန်းတော့ သူမသိပေ ။ မျက်နှာလေးက ကြည်ကြည်လေးနဲ့ ပြုံးရိပ်လေးအလိုလိုသမ်းနေတယ် ။ တစ်ယောက်တည်းထိုင်နေပြီး လက်ထဲကစာအုပ်လေးကို စိတ်ပါဝင်တစား ဖတ်နေတာ ၊ နီညိုရောင်ဆံနွယ်ရှည်လေးကို အနောက်မှာစုချည်ထားပြီး ကပိုကရိုနဲ့ နဖူးထက်ကျနေတဲ့ ဆံနွယ်လေးတွေက လေတိုက်လိုက်တိုင်းယိမ်းနွဲ့နေပုံကနူးညံလိုက်တာ ။ အလှဆုံးကတော့ အကိုရဲ့အပြုံးလေး ၊ ဟန်လုပ်ပြီးပြုံးနေတာမျိုးလည်းမဟုတ် ။ နှလုံးသားရဲ့ ကြည်လင်သန့်စင်လွန်းမူ့က မျက်နှာမှာလာထင်ဟပ်နေသလိုမျိုးလေး ။