7 / Unicode

583 89 13
                                    

[He got a job]

စာအုပ်ဆိုင်အဟောင်း၊ နောက်ပြီး အသက်အရွယ်အရမ်းအိုနေပြီဖြစ်တဲ့ အဖိုးကြီးတစ်ယောက်၊ အရေးအကြောင်းတွေထင်နေတဲ့မျက်နှာမှာ ပျှော်ရွှင်ခြင်းတွေအပြည့်ထည့်ထားသလားအောက်မေ့ရအောင် ပြုံးရိပ်လုံးဝမသေဘူး။

"အဖိုးနာမည်က David" တဲ့။ အဖိုးကိုတလှည့်သူ့ကိုတလှည့်ကြည့်ရင်း Ryan က မိတ်ဆက်ပေးတယ်။ ဘဝမှာဆုံးရှုံးရမှာကြောက်တဲ့ လူတစ်ဦးနဲ့မိတ်ဆက်ပေးမယ်လို့Ryanပြောတုန်းက သူထင်ခဲ့တာအမျိုးသမီးတစ်ယောက်ဖြစ်မယ်လို့ပေါ့။ အဲ့ဒီထင်မြင်ချက်ကလုံးလုံးကြီးကိုမှားယွင်းခဲ့တာပဲ။ မူးပြီးပြောချင်ရာတွေပြောနေတုန်းကသာ အဲ့ရှေ့နေမ လေးအကြောင်းကိုသိခဲ့ရပေမဲ့ Ryan က မိန်းမတစ်ယောက်အပေါ်ရူးသွပ်စွဲလမ်းမဲ့လူမဟုတ်ဘူး။ ဒါကိုတော့သူရာခိုင်နှုန်းအပြည့်ယုံတယ်။ မနက်အစောကြီးထခဲ့ရတဲ့အရှိန်နဲ့ သူကတဖြည်းဖြည်းငိုက်လာနေပြီ။

စကားတွေအများကြီးပြောနိုင်ကြတဲ့အဖိုးကြီးDavid နဲ့ Ryan ရဲ့ကြားမှာ နားမလည်တဲ့သူက မျက်နှာငယ်လေးနဲ့ထိုင်ကြည့်နေရတယ်။ မျက်လုံးတွေမှေးမှေးသွားပေမဲ့ အဖိုးကြီးရဲ့ရယ်သံအကျယ်ကြီးထွက်လာရင် လန့်လန့်သွားပြန်တယ်။ တစ်လအတွင်း လေယူလေသိမ်းကိုနည်းနည်းနားရည်ဝလာပါပြီ။ များသောအားဖြင့်စကားပြောမြန်တဲ့Ryan ရဲ့အသံကိုတော့ နားလည်ဖို့ကြိုးစားနေတုန်းပဲ။ ဒါပေမဲ့လည်းသူနဲ့ဆိုRyanက မြန်မာလိုကြိုးစားပြောပေးတယ်။ မတူညီတဲ့ဘာသာစကားနှစ်ခုကြား သူတို့နှစ်ယောက်ဆက်ဆံရေးက မအေးစက်ခဲ့ပါဘူး။ တခါတရံရူးကြောင်ကြောင်နိုင်အောင် Ryan က အင်္ဂလိပ်လိုတွေပြော၊ သူကလည်း မြန်မာလိုတွေပြောချင်ရာပြန်ပြောတဲ့အခြေအနေတော့ ရှိဖူးတယ်။

နေရောင်မမြင်ရအောင်အေးနေတဲ့ရာသီဥတုမှာ Ryan ကတော့ ကော်ဖီတစ်ခွက်နဲ့ငြိမ့်တယ်။ မနက်အစောကြီးထထသွားတာ ဒီစာအုပ်ဆိုင်အဟောင်းလေးဆီကိုလို့ အခုတစ်လကျော်အချိန်မှသိလိုက်ရတာ။ တကယ်တော့သူလည်းမမေးရဲခဲ့ဘူး။ Ryan ကိုနည်းနည်းရှိန်နေသေးတာခုထိပါပဲ။ တဖြည်းဖြည်းနဲ့တော့ရင်းနီးမှုရလာတဲ့သူတို့ကြားမယ် Ryanက အင်တာဗျူးဖြေမဲ့နေရာထိလိုက်ပို့မယ်လို့ အုပ်ထိန်းသူတစ်ယောက်အနေနဲ့ကတိပေးထားတယ်။ အပေးအယူကတော့ဒီပိတ်ရက် မြန်မာအရသာဟင်းတစ်မျိုးသူကချက်ကျွေးမယ်။

Be My Chlorophyll [completed]Where stories live. Discover now