"မင်္ဂလာပါ ဆရာ "
မနက်၁၀ နာရီလောက် ကော်ဖီ တခွက်နဲ့
တယောက်တည်း အခန်းထဲမှာ
စာစီနေတုန်း ရုတ်တရက်တံခါးဖွင့်သံကြားတော့ စာရေးနေရာမှ ခေတ္တရပ်ကာ မော့ကြည့်လိုက်သည်။"ကျွန်တော့်နာမည် မျိုးတေဇပါ ခင်ဗျာ။
ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်က
သတင်းထောက်ပါ ကျောင်းသတင်းစာထဲမှာဆရာ့ရဲ့ နောက်ဆုံးထွက်မဲ့စာအုပ်နဲ့ ပတ်သက်ပြီး အမေးအဖြေကဏ္ဍလေးထည့်သွင်းချင်လို့ပါ"စတစ်ကော်လံ အကျီအဖြူ ၊ပုဆိုး အမဲအစင်းကျားလေးကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ကာ
ဆီရွှဲနေအောင် လိမ်းထားသော ဆံပင်ကို
အပေါ်သို့ လှန်ဖီးတင်ထားသည်။မျက်နှာလေးက နုနယ်နေသော်လည်း
ဝတ်ပုံစားပုံကြောင့် အရွယ်ရောက်လူကြီး
တစ်ဦးလိုလို ....."ဝင်လာခဲ့လေ ထိုင်ပါဦး"
သူက ဖြေတော့ ထိုကျောင်းသားလေးက
ခါးကိုကိုင်း၍ နူတ်ဆက်ကာ ခြေလှမ်းသံမကြားအောင် ဖြေးဖြေးချင်း ဝင်လာသည်။
ထိုနောက် သူ လက်လှမ်းပြသောထိုင်ခုံတွင်
ထိုင်လိုက်သည်။"မနေ့က ဖုန်းကြို ဆက်ထားတာ မင်းလား"
သူက မေးတော့....
"ဟုတ်ကဲ့ ပါ ဆရာ မနေ့က ကျွန်တော်
ဖုန်းကြိုဆက်ထားပါသေးတယ်""ဆရာ လို့ မခေါ်လည်း ရပါတယ်။
အကိုလို့ပဲ ရင်းရင်းနှီးနှီးခေါ်ပေါ့။
အကို က မင်းတို့ထက်ကြီးရင် အများဆုံး
ဆယ်နှစ်ပေါ့"သူက ခပ်ရွှင်ရွှင်ပြောလိုက်သည်။
ထိုအခါ သူ့ရှေ့ကကျောင်းသားလေးက.....
"ဟုတ်ကဲ့ အကို ကျွန်တော့်ကို ကျောင်းက
နာမည်ကြီး စာရေး ဆရာတစ်ယောက်ဆီ
သွားရမယ်ဆိုတော့ အနည်းဆုံးအသက်
၄၀ ၅၀လောက်တော့ ရှိပြီထင်တာ ဒီလို
၃၀ကျော်လေး ဖြစ်နေမယ်မထင်ခဲ့ဘူး""မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဘူးဖြစ်သွားတာပေါ့နော်"
သူက ရီရင်းပြောတော့ ....
"ဟုတ် အဲ့လိုပဲ ဖြစ်သွားတယ်"
ထိုကောင်လေးကအလိုက်သင့် သူ့ စကားကို
ရီရင်း ပြန်ပြောလာပြန်သည်။