သခင် 🔥
-------------"Light... မင်းဘယ်မှာလဲ? "
"Light..."
"Light..."
မီးခိုးငွေ့တွေကြား ဖျော့တော့စွာရပ်နေတယ့် ပုံရိပ်လေး..။ ဖြူဖွေးသောအသားအရေနှင့် ဘော်ငွေရောင် ဆံပင်ကိုမှအားမနာ ဖြူလွလွဝတ်စုံကိုဝတ်ထားသေးသည်..။ ဒါက Yeti ကြိုက်သောပုံစံမျိုးမဟုတ်..။ ထိုလူသားက Dark ဘက်သွားသော ကာလာများကိုသာနှစ်သက်သည်မဟုတ်လား?
ခု သူ့ပုံစံကအရမ်းကို စိတ္တဇဆန်နေကာ ပါးပြင်ပေါ်မှာ မျက်ရည်ဥတို့က လှုပ်လီလှုပ်လဲ့နဲ့သနားစဖွယ်ကောင်းနေသည်..။ Yeti က ငိုခဲတယ်လေ..ဘာလို့များ သူကငိုနေရတာလဲ?
"Yeti..."
"Yeti...မင်းဘယ်သွားမလို့လဲ?.."
"ဟင့်အင်း..ငါ့ကိုပြော..Yeti.."
တိုးသဲ့သဲ့ညည်းညူသံတို့ကြောင့် ရီပေါ်မှာခဲရာခဲဆစ်နဲ့ မျက်လုံးပါဖွင့်ကြည့်လိုက်ရသည်..။ ရင်နှီးနေသော နာမ်စားက မိမိဘေးကထွက်လာနေသည်မဟုတ်လား?
"ကျစ်! "
ထင်တယ့်အတိုင်းပဲ..၊ ကုတင်စွန်းမှာ အိပ်ပျော်နေသော ရှောင်းကျန့်က တစ်ခုခုကိုအသည်းအသန်တားဆီနေပုံပင်..။ Yeti..တဲ့လာပြန်ပြီလား ဒီနှင်းလူသား!
"စောစောစီးစီး Yeti နေလိုက်.."
ရင်ဘတ်ကို လက်နဲ့ပိတ်တွန်းလိုက်ပေမို့ ရှောင်းကျန့်မှာ ကူရာကယ်ရာမဲ့စွာနှင့်ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်..။
"အ..သေပါပြီ.."
ခန္ဓာကိုယ်က နာကျင်မှုကိုသတိမမူမိပဲ ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ပြီးမှ..
"နိုးပြီလား သခင်.."
"ကန်းနေလား? ဒါနဲ့နေပါဦး Yeti က ဘယ်သူလဲ? မင်းကိုငါဝယ်လာကတည်းက ငါ့အတွက်ပဲ ရှင်သန်ရမယ်လို့ ပြောထားတယ်လေ.."
"ဟုတ်..ကျွန်တော်အဲ့လိုပဲရှင်သန်နေတာပါ.."
ရီပေါ်မှာ မျက်မှောင်ကျုံ့လိုက်ပြီး..
"ပြော မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘာလဲ? ငါ့ကို လိမ်မယ်မကြံနဲ့နော်.."
DU LIEST GERADE
သခင်...🔥[[ COMPLETED ]]✔
Fanfiction## ZSWW ## Fan fic --------Zhanyi team🔞 [[ Unicode + Zawgyi ]] Kid သာ သခင်ဆို...ဘဝအဆက်ဆက် ဒီကောင်က အစေခံဖြစ်ပါရစေ..။ [[ Fan fic တစ်ခုမျှသာ မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်စေလိုခြင်းမရှိ]] #Ownstory #Sanaymoeswe