💓(22)💓ခွင့်လွှတ်ခြင်း💚

3K 153 10
                                    

မကာအိုရဲ့ ဆေးရုံကြီးဆီခြေချမိပြန်တဲ့
ရှောင်ကျန့်..သူလာခဲ့တာ ဝမ်ရိပေါ်ကြီးဘယ်အခြေအနေရောက်နေသလဲ သိချင်၍သာ...

သီးသန့်ခန်းရဲ့ကုတင်တခုပေါ်မှာတော့
ဆေးပိုက်တန်းလန်းနဲ့ ဝမ်ရိပေါ် ..သူ့ကိုခုနလေးကမှ ဆရာဝန်တွေစိတ်ငြိမ်ဆေးထိုးပေးထါးခြင်းပါ။

ပိန်လှီနေတဲ့ကိုယ်နဲ့အတူ.. လုံးဝ အရူးတစ်ယောက်လို ပုံပန်းသဏ္ဍာန်ကြောင့်..မြင်မြင်ခြင်းရှောင်ကျန့်လန့်သွားမိတယ်။

'သူက ဝမ်ရိပေါ်..ဟုတ်မှဟုတ်ပါရဲ့လား။'ရှောင်ကျန့်သူ့ကိုယ်သူ..
မေးခွန်းထုတ်မိတဲ့အခြေအနေထိဆိုပါတော့...လုံးဝအရင်နဲ့မတူတဲ့ရိပေါ်ကြောင့်..

'သူအရမ်းလွန်သွားပြီလား..ကောအပေါ်သူလုပ်ထားမိတဲ့ အမုန်းတွေက လူတစ်ယောက်လုံးဘဝပျက်ရသည်အထိလား...'

ဆေးအရှိန်ကြောင့် အိပ်ပျော်နေတဲ့ထိုလူသားလေးဟာ အရမ်းခံစားခဲ့ရမှာပဲ..
လက်က ဒဏ်ရာတွေက သက်သေပဲလေ။

အမှားအတွက်ရော နောင်တအတွက်ပါ
ပေးဆပ်ထားရပြီး နှလုံးသားလေးအဖြစ်ဆက်ရှိနေခဲ့တဲ့ သူချစ်ရတဲ့သူ စိတ်ချမ်းသာအောင် လူလုံးထွက်မပြခဲ့တဲ့ ရိပေါ်ပါ။
အမှောင်ဆုံးအခန်းကျဥ်းလေးထဲမှာပဲ တစ်ကိုယ်ရေ နေ့ညများစွာ ကုန်ဆုံးခဲ့တာ
နာကျင်ရင်းပေါ့။

ရှောင်ကျန့် ရိပေါ်ရှိရာကုတင်ဆီရှောက်လာမိခဲ့တယ်..နောက် သူအရမ်းချစ်ခဲ့တဲ့
ဒီလူသားကို သူကိုယ်တိုင်ပဲ ခွင့်မလွှတ်နိုင်ဘူးလားလို့ သူ့ကိုယ်သူ ပြန်မေးခဲ့တယ်။

ရှောင်ကျန့် ဝမ်ရိပေါ်ကို စိုက်ကြည့်နေတုန်း..
မျက်ဝန်းတွေ ဖွင့်လာမိပြန်တဲ့ ရိပေါ်လေး..
အားယူပြီးမျက်လုံးတွေဖွင့်ချင်ပေမဲ့ဆေးအရှိန်နဲ့မို့ ဝိုးတိုးဝါးတားသာမြင်တဲ့ပုံရိပ်လွှာတွေကြောင့်..

''အားရှန့်..အားရှန့်လား ဟင်...''

သူ့ရဲ့နှုတ်ကမေးမိပေမဲ့ တဖက်ကဘာတုန့်ပြန်သံမှမပေး..
ဒါကြောင့် ရိပေါ်ရဲ့မျှော်လင့်ချက်လေးအရောင်ပျယ်သွားပြန်တယ်။

''ကိုယ်သိပါတယ်.. မုန်းနေမှာပဲလေ
ကိုယ်က အားရှန်အတွက် အမုန်းခံလူသားတစ်ယောက်ပါပဲ။
ကိုယ် အားရှန့်မရှိရင် မနေနိုင်ဘူး အသက်မရှင်ချင်ဘူး။ဒါကြောင့် သတ်သေခဲ့မိတယ်
နာကျင်တဲ့ဒဏ်တွေနဲ့ခံစားမှုတွေနှိပ်စက်တဲ့အခါ ကိုယ်ခံနိုင်မရှိဆုံးပဲ။
အားရှန့် မင်းမဟုတ်လား..ကိုယ့်ဆီပြန်လာဖို့အတွက် မဖြစ်နိုင်တော့ဘူးလား။''

သတ်ပုံမှားတဲ့🔥 အတ္တ 🔥(Completed) Donde viven las historias. Descúbrelo ahora