Part-1

67 5 4
                                    

ဘာလိုလို နဲ့တက္ကသိုလ် ဆိုတဲ့နယ်မြေကိုခြေချရတော့မယ်တက္ကသိုလ်ဖွင့်တာတပတ်လောက်ကြာပြီးမှ ကျောင်းပြောင်းကျောင်သားအဖြစ်ဒဂုံတက္ကသိုလ်ကိုပြောင်းရွေ့လာခဲ့တယ်
အခုမှစတက်တဲ့ကိုယ့်အဖို့အရာရာတိုင်းကအသစ်တွေပါဘဲစိတ်လှုပ်ရှားပြီးရင်တွေခုန်နေတာတော့အမှန်ပဲ
ဒီနေ့ပထမဆုံးတက္ကသိုလ်တက်ရတဲ့နေ့မို့အမေကကျောင်းကိုလိုက်ပို့တယ်

ကိုယ်တက်ရတော့မယ်အတန်းရှေ့ရောက်ခါနီးတိုင်းစိတ်လှုပ်ရှားပြီးရင်တွေပိုခုန်လာတယ်

အတန်းရှေ့ရောက်တော့ဆရာမစာသင်နေသံကြားလိုက်တယ်
တက္ကသိုလ် ကိုပထမဦးဆုံးခြေချတဲ့ကိုယ့်အဖို့တက္ကသိုလ်သဘာဝကိုနားမလည်တဲ့ကိုယ့်အဖို့အတန်းထဲဘဲခွင့်တောင်းပြီးဝင်ရမလားအတန်းရှေ့မှာဘဲမတ်တပ်ရပ်ပြီးစာသင်ချိန်ပြီးတဲ့အထိဘဲစောင့်ရမလားဝေခွဲမရဖြစ်နေ
အမေဖြစ်သူကဆရာမကိုခွင့်တောင်းပြီးဝင်သွားလို့ပြောပေမယ့် တွန့်ဆုတ်တွန့်ဆုတ်နဲ့အခန်းထဲမဝင်နိုင်ဖြစ်နေတဲ့ ရတု

"ဟဲ့ရတုသားဝင်သွားလေဆရာမကိုခွင့်တောင်းပြီး"

"ဟုတ် ဟုတ် အမေ"

ထိုအချိန်အတန်းပြင်ကိုဆရာမထွက်လာတော့
"ဟဲ့သားဝင်လေအတန်းထဲ"
"ဟုတ် ဟုတ် ဆရာမ"
ကိုယ်အတန်းထဲဝင်သွားတော့အတန်းထဲကကျောင်းသားတွေရဲ့အာရုံစူးစိုက်မှုမျက်လုံးတွေကကိုယ့်ဆီရောက်လာ

ရတုတစ်ယောက်ဘယ်နေရာဝင်ထိုင်ရမှန်းမသိဖြစ်နေတုန်း
ပိတောက်ခြောက်ရောင်shirtအကျီ်ကိုအနက်ရောင်ပုဆိုးလေးနဲ့ဝတ်ဆင်ထားတဲ့အသားဖြူဖြူအရပ်ရှည်ရှည်နဲ့တစ်ယောက်ရဲ့အနောက်မှာထိုင်နေတဲ့အရပ်ကလန်ကလားနဲ့မျက်မှန်တပ်ထားတဲ့ကောင်လေးတစ်ယောက်ကလှမ်းခေါ်ပြီးသူတို့အတန်းမှာလာထိုင်ဖို့ခေါ်တော့

ဘယ်မှာထိုင်လို့ထိုင်ရမှန်းမသိဖြစ်နေတဲ့သူရတုအဖို့ကယ်တင်ရှင်တွေ့လိုက်ရသလိုပင်
ရတုတစ်ယောက်ဝင်ထိုင်လိုက်ပြီး

"ကျေးဇူးပါ"
"ရပါတယ် ကွာ ဒါနဲ့မင်းနာမည်ဘယ်လိုခေါ်လည်း"
"ငါ့နာမည်က ရတု မင်းနာမည်ကရော"
"ငါ့နာမည်က ခန့်သော်တာတဲ့ဟိုအရှေ့မှာအိုင်တင်နဲ့ထိုင်နေတဲ့တစ်ယောက်ကငါ့သူငယ်ချင်းစေပိုင်တဲ့"
ခန့်သော်တာမိတ်ဆက်ပေးတဲ့အိန္ဒြေရှင်ကြီးကအနောက်ကိုလှည့်ကြည့်ပြီး
"ဟေ့ရောင်သေချင်လို့လား သူကအဲ့လိုဘဲရတု ပေါတောတောနဲ့"
သူကျွန်တော့်ကိုရတုလို့ခေါ်လိုက်တဲ့အချိန်ရင်ထဲမှာတစ်မျိုးလေးဖြစ်သွားတယ်ဒါဘာများပါလိမ့်အမျိုးအမည်မသိသောခံစားချက်တစ်ခု
"ဆရာမအတန်းထဲဝင်လာပြီရတု"
"အော်အင်း"
"မင်းစာအုပ်တွေမဝယ်ရသေးဘူးမှတ်လားဆရာမဆီမှာနာမည်စာရင်းသွားပေးလိုက်ပိုက်ဆံပါယူသွားလိုက်"
ရတုစာအုပ်သွားဝယ်ပြီးပြန်အလှည့် တစ်ယောက်ယောက်ကြည့်နေသလိုခံစားချက်ကြောင့်ကြည့်လိုက်မိတော့ ရတုကိုသေချာစိုက်ကြည့်နေတဲ့စေပိုင်နဲ့အကြည့်ချင်ဆုံသွားတော့နှစ်ယောက်သားရှက်သွားပြီးခေါင်းကိုလှည့်လိုက်ကြပါတယ်
ရတုကခန့်သော်ဘေးမှာဝင်ထိုင်လိုက်တယ်ရင်တွေလည်းခုန်နေတာပေါ့
"ရတုမင်းကဒီနေ့မှစာအုပ်ဝယ်ထားတာဆိုတော့ကြည့်စရာမရှိဘူးလာ ငါနဲ့အတူကြည့်မယ်စာကို"

You've reached the end of published parts.

⏰ Last updated: Jan 20, 2021 ⏰

Add this story to your Library to get notified about new parts!

ဆုံစည်းခွင့်လေးWhere stories live. Discover now